မျိုးဆက်ကတော့အဲ့ဒီလိုထင်တယ်

အမှန်ပြောရင် အဲ့လိုကန်ကြလား

ပြောရပြီ။ဖြစ်ရပ်တခုအပေါ်အနက်ကောက်ယူမှုတွေအမျိုးမျိုးထွက်လာကြတယ်။

ကျွန်တော့်အမြင်ကိုလည်းပြောချင်လာတယ်။ ရက်ပ်ပါ ဂျောက်ဂျက် underground

ထွက်တဲ့သီချင်းကိစ္စပဲ။

လိင်ကိစ္စတွေ၊ ဆယ်ကျော်သက်လူငယ်တွေ အပျော်ကြူးမှုတွေအကြောင်းစာသားတွေ

ပါတဲ့ hiphop သီချင်းတွေကို ဂျောက်ဂျက်တို့ဆိုခဲ့ကြတယ်။

ဒီသီချင်းတွေကို ညစ်ညမ်းသီချင်းတွေ၊အောက်တန်းကျတဲ့သီချင်းတွေ၊စာရိတ္တပျက်စီးစေတဲ့

သီချင်းတွေ၊မိန်းကလေးတွေနားမထောင်သင့်တဲ့သီချင်းတွေလို့ ပိုးစိုးပက်စက်ဝေဖန်ကြတယ်။

ကျွန်တော်ပြောချင်တာတွေတချက်ချင်းထောက်ပြချင်ပါတယ်။

၁ ညစ်ညမ်းသီချင်းတွေလို့ ဘာကြောင့်ပြောရတာလဲ။

ဒီသီချင်းတွေမှာပါတဲ့စကားလုံးတွေကို ဒီလူငယ်တွေကတီထွင်ခဲ့တာလား

သိပ်ကိုသန့်ရှင်းမြင့်မြတ်လှတဲ့ ကျွန်တော်တို့မြန်မာ့လူ့အဖွဲ့စည်းထဲမှာရှိနေခဲ့တဲ့စကားလုံးတွေပဲ

မဟုတ်ဘူးလား။

လူသန်းနဲ့ချီပြောနေကြ ခင်းဗျားတို့ကျွန်တော်တို့ပါးစပ်ထဲက စကားလုံးတွေပဲမဟုတ်ဘူးလား

ဒီသီချင်းတွေက ညစ်ညမ်းတာလား။ ကျွန်တော်တို့လူသားတွေရဲ့ ပါးစပ်ထဲကညစ်ညမ်းမှုတွေကို လူငယ်တွေက တွေ့ပြီးထုတ်ဖော်ပြတာလား။

၂ အောက်တန်းကျတဲ့သီချင်းတွေ

လူငယ်တွေနေ့စဉ်ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်အကြောင်းကို အမှန်အတိုင်းပြောရင်အောက်တန်းကျသလား။ အမှန်ကိုမျက်ကွယ်ပြုပြီး ဟန်တလုံးပန်တလုံး

အိနြေ္ဒရှိပြတာ မှ အထက်တန်းကျတာလား

၃ စာရိတ္တပျက်စီးစေတဲ့သီချင်းတွေ

သီချင်းတပုဒ်နားထောင်ရုံနဲ့တောင် သီချင်းထဲကလိုလိုက်လုပ်ချင်ရမယ်ဆိုရင် လက်တွေ့ကြုံ

ရမယ်ဆိုရင် ခင်ဗျားတို့ စာရိတ္တတွေခိုင်မာနိုင်မှာလား။ သီချင်းကစာရိတ္တကိုဖျက်တာလား။

စာရိတ္တကိုယ်တိုင်က ယိမ်းယိုင်နေတာလား။

၎ မိန်းကလေးတွေနားမထောင်သင့်တဲ့သီချင်းတွေ

မိန်းကလေးတွေက လိင်ကိစ္စနဲ့မပတ်သက်ရဘူးလား။ ဒါဆိုယောကျားချင်းပဲပတ်သက်ကြတော့

မိန်းကလေးတွေရဲ့အင်္ဂါကို ပါးစပ်က ယောင်တတ်တဲ့ လူကြီးလူုကောင်းများ။ စောက်ရေးမပါတာလို့ပြောတတ်သူများ ပြန်စဉ်းစားပါ ဒါလေးပါးစပ်မှာ ဘာလို့အမြဲငုံထားကြတာလဲ။ မိန်းကလေးတွေကိုယ်တိုင်ရော မသုံးဘူးလား။

မကြားဖူးဘူးလား ဒီစကားလုံးတွေ။ သီချင်းတွေထဲက ဇာတ်ကောင်ပြည့်တန်ဆာမိန်းကလေးတွေ

အပျော်ကြိုက်မိန်းကလေးတွေ၊ သူတို့တွေက အပြင်မှာတကယ်မရှိနေတာတွေလား။

နားရှက်စရာတွေကိုနေ့စဉ် ထမင်းစားရေသောက်ပြောနေကြတာမဟုတ်ဘူးလား။

အဓိကအကြောင်းရင်ကိုရှာကြမယ်ဗျာ။အဝေးကြီးတွေ ကောင်းကင်ဆန်ဆန်စကားတွေ

ခဏချထား မြေကြီးအကြောင်းအရင်စဉ်းစားစို့။

လက်ရှိလူငယ်တွေမှာ သူတို့ရဲ့ အချိန်တွေကို ဘယ်လိုအသုံးချနေရလဲ။

သူတို့ရဲ့ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေလဲ။

သူတို့ကပျက်စီးချင်နေသူတွေလား။ ခေတ်ကသူတို့ကိုပျက်စီးစေနေတာလား။

မိန်းကလေးပြည့်တန်ဆာတွေဘာလို့ပေါလာတာလဲ။

ဒီနေ့ခေတ်လူငယ်တွေကို ဘာတွေက ခြိမ်းခြောက်နေတာလဲ။

ဒါတွေဟာ အစိုးရကခွင့်ပြုမထားရင် ရှိနေပါ့မလား။

ကလပ်တွေ၊အနှိပ်ခန်းတွေ၊ပြည့်တန်ဆာရုံတွေကို ဘယ်သူတွေအဓိကဖွင့်လှစ်လုပ်ကိုင်နေတာလဲ။ ဂျောက်ဂျက်ကမေးခွန်းတွေပေးလိုက်တာပဲ။

ဂျောက်ဂျက်ကိုလေးစားတယ်။မြင့်မြတ်လို့မဟုတ်ဘူး။သူရဲကောင်းတယောက်လို့လည်း

မပြောဘူး။ သူဟာ လူငယ်စိတ်အပြည့်ရှိလို့ပဲ။ အမှန်ကို ဖော်ထုတ်ပြရဲလို့ပဲ။

ခင်ဗျားတို့ကိုယ့်ကိုကိုယ်ပြန်မေးပါ။ အမှန်တွေပြောနေကြတာလားဆိုတာ။

တကယ်ဖြစ်နေတဲ့ အခြေအနေကို ခံစားရတဲ့အတိုင်း မှန်တဲ့အတိုင်းထုတ်ဖော်ပြခွင့်

မရနိုင်ရင် လွတ်လပ်စွာထုတ်ဖော်ခွင့်ဆိုတာလည်း ခင်ဗျားတို့ ဆင်ခြင်တုံတရားတွေရဲ့

ခြေဖ၀ါးအောက်မှာပဲ ဖိနပ်လုပ်စီးလိုက်ကြတော့။

“လူတွေကတော်တော်ဟန်ဆောင်ကောင်းချင်ကြတာပဲ”

လူဆိုပြီးဟန်ဆောင်နေတာတောင် တော်တော်လွန်နေပြီဆိုတာလည်း မသိဟန်ဆောင်ထားကြတုန်းပဲ

ဗိုလ်ချုပ်အောင်ဆန်းပါးစပ်က ဖာသယ်ဆိုတဲ့စကား လူသိရှင်ကြားပြောခဲ့တာ

ဖာနိုင်ငံကြီးဖြစ်လိမ့်မယ်လို့ ပြောခဲ့တာကျတော့ ဘယ်သူမှနားထောင်ဖို့မရှက်ကြဘူး

ဂျောက်ဂျက်က ဗိုလ်ချုပ်ပြောခဲ့သလို ဖာနိုင်ငံဖြစ်နေတဲ့အကြောင်းပြောတာကျတော့

မိုက်ရိုင်းတယ်ဆိုပဲ။ ညစ်ညမ်းတယ်ဆိုပဲ။

တကယ်ရှက်ရမှာက ဒီလိုအခြေအနေတွေကို လူငယ်တွေမကြုံရအောင် အကာအကွယ်မပေးနိုင်ခဲ့တဲ့ ခင်ဗျားတို့ကျုပ်တို့တွေမဟုတ်ဘူးလား။

လူဖြစ်ချင်ရင် လူလိုစဉ်းစားကြဗျာ…..

သူတော်စင်စကားတွေသိပ်မပြောကြနဲ့…..

စည်းကမ်းပြည့်ဝသော သတင်းများနဲ့ Hip Hop ငိုငြီးသံများ

ဆောင်းပါး
နေသန်မောင်
အင်္ဂါနေ့၊ ဇန်နဝါရီလ 20 2009 14:05 – မြန်မာစံတော်ချိန်

ယူဂျီလို့ အတိုကောက်ခေါ်လို့ရတဲ့ (Underground) Rap သီချင်းတွေ
မြန်မာပြည်က လူငယ်ထုတွေကြားမှာ ပျံ့နှံ့နေတာ သိပ်မကြာသေးပါဘူး။
ခန့်မှန်းခြေအရ ဆိုရင်တော့ (Third Generation) လို့ သူတို့ကိုယ်သူတို့
ဟစ်ပ်ဟော့ပ် (Hip hop) ဂီတရဲ့ တတိယမျိုးဆက်ဆိုသူ ဆယ်ကျော်သက် လူငယ်တွေ
ပြီးခဲ့တဲ့ ၂ နှစ် အတွင်းလောက်မှာ စတင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။

ရော့ခ်သီချင်းတွေ အပြိုင်းအရိုင်း ဆူလောင်ပွက်ခဲ့တဲ့ ၁၉၉ဝ
ပြည့်လွန်နှစ်တွေ အပြီးမှာ အက်ဆစ်အဖွဲ့ရဲ့ Rap သီချင်းခွေနဲ့အတူ
မြန်မာပြည်က ၂၁ ရာစု ဂီတလူငယ် မျိုးဆက်တွေဟာ ဒီဂျေစက်တွေ၊
မိုက်ခရိုဖုန်းတွေ၊ ဘရိတ်ဒန့်တွေနဲ့အတူ ပေါ့ပ် Pop သီချင်းအများစု
ခေတ်စားတဲ့ မြန်မာပြည်မှာ ဘွားခနဲ ပေါ်လာတာပါ၊

Hip hop မျိုးဆက်ရဲ့ ပထမမျိုးဆက်ဖြစ်တဲ့ အက်ဆစ်အဖွဲ့၊ သီအိုရီအဖွဲ့တို့ဟာ
နည်းမျိုးစုံနဲ့ တိုက်ခိုက်ခံပြီးမှ သူတို့ရဲ့ အမာခံပရိသတ်
လူငယ်အများစုရဲ့ လက်ခံမှုကြောင့် မြန်မာပြည်ရဲ့ Rap လမ်းကြောင်းက
မထင်မှတ်ဘဲ တံခါးပွင့်ခဲ့ပါတယ်။ အသစ် အသစ်ထွက်လာတဲ့ သီချင်း
စီးကြောင်းထဲမှာ ဆယ်ကျော်သက် မြီးကောင်ပေါက် မိန်းကလေးတွေရဲ့ အသည်းစွဲ က
ထွန်းထွန်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ဂျေမီတို့ဟာ ၂ဝဝ၃ ခုနှစ်ကနေ
ဒီနေ့အထိ စင်ပေါ်မှာ နေရာယူထားဆဲ၊ ပရိသတ်ကို ဖမ်းစားထားဆဲ။

ရဲလေး၊ ဂျေမီမျိုးဆက်ကို Hip hop ရဲ့ ဒုတိယမျိုးဆက်လို့ ခေါ်မယ်ဆိုရင်တော့
ဒီကနေ့ မြန်မာပြည်ရဲ့ Rapper ပေါက်စတွေဖြစ်တဲ့ ကျော်ထွဋ်ဆွေ၊
ဂျောက်ဂျက်တို့ရဲ့ VIP ဟာ တတိယမျိုးဆက် ဖြစ်လာပါမယ်။ ဘာဖြစ်လို့လဲဆိုတော့
မြန်မာပြည်က Rap / Hip hop ယဉ်ကျေးမှုဟာ Revolution တခုအနေနဲ့ တွန်းကန်
ရုန်းထွက်နေရလို့ပါပဲ။

Hip hop ဂီတယဉ်ကျေးမှုရဲ့ ခရီးအစဟာ ဟောင်းနွမ်းဆွေးမြေ့နေတဲ့
လူ့အသိုင်းအဝိုင်းရဲ့ စိတ်အချဉ်ပေါက်မှု၊ တံခါးပိတ်ဝါဒကြောင့်
အမြင်ကျဉ်းမြောင်းမှု၊ ခေတ်မမီတော့တဲ့ လူ့အသိုင်းအဝိုင်းအတွင်းက
စံနှုန်းနဲ့ တရားမျှတမှု မရှိတဲ့ နိုင်ငံရေးနဲ့ လူနေမှုစနစ်ကြားမှာ
အတော်ကလေး တိုက်ခိုက်ချေမှုန်းခံခဲ့ရပါတယ်။

ရှင်းရှင်းပြောရရင် ၁၉၈၈ ဒီမိုကရေစီရေး လှုပ်ရှားမှုနောက်ပိုင်းမှ
မွေးဖွားလာတဲ့ မြန်မာပြည်က ဒီမျိုးဆက်သစ်ဟာ ကြောက်မက်ဖွယ်ရာကောင်းတဲ့
စိတ်အချဉ်ပေါက်နေတဲ့ လူတန်းစားကြားထဲမှာ လူးလွန့်ကြီးပြင်းခဲ့ရသူတွေပါ။
သူတို့ရဲ့အဖော်ဟာ ဂီတဖြစ်လာတယ်။ ဒီဂီတကနေတဆင့် သူတို့ရဲ့အသံတွေ
ခံစားချက်တွေက တစတစ ဖော်ထုတ်ဖို့ ကြိုးစားလာကြတယ်။

လူ ၅ ယောက်ထက်ပိုပြီး (အထူးသဖြင့် လူငယ်ကျောင်းသားတွေ) စုဝေးလို့မရတဲ့
စစ်ဖိနပ်အောက်က တိုင်းပြည်မှာ ဒီလူငယ်တွေဟာ Hip hop ဂီတနဲ့ လူငယ်ထုတွေကို
သောင်းနဲ့ချီပြီး စုစည်းခဲ့တယ်။ ပြီးတော့ သူတို့ရဲ့ ခံစားချက်တွေကို
ဖလှယ်ကြတယ်။ ပိတ်လှောင်မွန်းကျပ်နေတဲ့ ခေတ်ဆိုးကြီးထဲမှာ သူတို့အတွက်
အချစ်အကြောင်း၊ အသည်းကွဲတဲ့အကြောင်းတွေ၊ သူငယ်ချင်းတွေ ညီညွတ်ကြပါလို့သာ
ဒီအကြောင်းတွေကို သီချင်းစပ်ဆိုခဲ့ကြတယ်။

ကိုယ်ပိုင်သံစဉ် မဖန်တီးနိုင်ဘဲ ကော်ပီသီချင်းတွေနဲ့
လူတလုံးသူတလုံးဖြစ်နေတဲ့ ရော့ခ်၊ ပေါ့ပ် သီချင်းတွေထက်စာရင်
မြန်မာလူငယ်စစ်စစ်တွေက ကိုယ်ပိုင်ဖန်တီးတဲ့ မြန်မာဟန် Rap သီချင်းတွေက
ဘယ်လိုပဲ အတားအဆီးတွေရှိရှိ စင်ပေါ်ရောက်လာခဲ့တာပါပဲ။

၎-၅ နှစ် ကလေးတွေကအစ စိုင်းစိုင်းခမ်းလှိုင်သီချင်း မဖွင့်ပြရင်
ထမင်းမစားကြတဲ့အထိ Hip hop လှိုင်းလုံးက အတော်ကို ကြီးခဲ့ပါတယ်။ ပြည်ပက
မြန်မာနိုင်ငံရေး အသိုင်းအဝိုင်းကြားမှာတော့ Hip hop ကို
ထင်ထင်ပေါ်ပေါ်ပဲဖြစ်ဖြစ်၊ လျှို့ဝှက်ပြီးတော့ပဲဖြစ်ဖြစ် အားမပေးပါဘူး။
ဒါပေမယ့် ပြည်ပမှာရှိတဲ့ မြန်မာလူငယ်တစုကနေပြီး (Myanmar Future
Generation – MFG) အဖွဲ့အဖြစ် နိုင်ငံရေးနဲ့ တိုက်ရိုက်ပတ်သက်တဲ့
သီချင်းတွေ အယ်လ်ဘမ်တချပ်စာမက အင်တာနက်ပေါ်ကနေ လွှင့်တင်လိုက်တဲ့ ၂ဝဝ၃
ခုနှစ်ကစပြီး ဟုတ်ပြီကွဆိုကာ အားပေးခဲ့တာပါ။

MFG ရဲ့သီချင်းတွေဟာ မြန်မာပြည်မှာ Underground သီချင်းတွေအဖြစ်နဲ့
အရှိန်ပြင်းပြင်း ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း
စစ်အစိုးရဆန့်ကျင်ရေး သီချင်းတိုင်းမှာ Hip hop ဂီတက တစတစ
နေရာယူခဲ့ပါတယ်။ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးထဲမှာ ရဟန်းသံဃာတော်တွေနောက်က
တက်တက်ကြွကြွ အားပေးခဲ့ပြီး အပြောင်းအလဲကို တောင်းဆိုခဲ့တဲ့
လူငယ်ကျောင်းသားတွေဟာ ဒီ Hip hop မျိုးဆက်ပါပဲ။

ဆံပင်ကို အရောင်ဆိုးပြီး နားနှစ်ဖက်စလုံးမှာ နားကပ်ပန်ထားတဲ့ ဆယ်ကျော်သက်
ဒီလူငယ်တွေဟာ သူတို့ဘဝမှာ အင်မတန် စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့
နိုင်ငံတော် ယုတ်မာမှုကြီးကို သူတို့မျက်လုံးတွေနဲ့ တပ်အပ်
မြင်ခဲ့ကြသူတွေပါ။ သူတို့ဟာ အင်တာနက်ခေတ်က မြန်မာ့အနာဂတ်
သူရဲကောင်းတွေပါ။

Generation Wave ဆိုပြီး Hip hop မျိုးဆက်က ဇေယျာသော်၊ ရန်ရန်ချန်းတို့ဟာ
စစ်အစိုးရဆန့်ကျင်ရေး ဂီတလှုပ်ရှားမှုထဲမှာပါခဲ့လို့ ထောင်ချ
ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီလူငယ်တွေရဲ့ ဂီတပုံစံကို မကြိုက်တာနဲ့
သူတို့ရဲ့ ဖြစ်တည်မှုနဲ့ ခံစားချက်တွေ၊ ရပ်တည်ရုန်းကန်ရတဲ့ ပတ်ဝန်းကျင်ကို
ဂရုမထားဘဲ သူတို့ကို လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေက မကြိုက်ကြပါဘူး။

တက်ကနိုတီးလုံးတွေနဲ့ မြန်မာသံတွေကို ရောစပ်ထားတဲ့ သားစိုးရဲ့ Rap
ပုံစံကတော့ မြန်မာဟန်တွေ အတော်ကို လွှမ်းနေတာမို့ တနိုင်ငံလုံးက
ကြိုက်ကြပါတယ်။ ဒါပေမယ့် Hip hop ရဲ့ အရသာစစ်စစ်ကို ခြေလှမ်းစိတ်စိတ်
ရှာလာတဲ့ မျိုးဆက်သစ်တွေအတွက်ကတော့ မြန်မာပြည်ရဲ့ ဆင်ဆာယဉ်ကျေးမှုအောက်မှာ
အသက်ရှူ ကျပ်လာတာကတော့ အမှန်ပါပဲ။

ဒီတော့ Underground သီချင်းတွေဆိုရင်း သူတို့ရဲ့ ဂီတမှတ်တိုင်တွေကို
စပြီး မှတ်ကျောက်တင်ဖို့ လုံးပမ်းတာပါပဲ။ အဲဒီသီချင်းအများစုဟာ
နိုင်ငံရေးနဲ့ မပတ်သက်ပါဘူး။ စစ်အစိုးရကို ဆန့်ကျင်တာ မဟုတ်ပါဘူး။
ဒါပေမယ့် သူတို့မြင်နေရတဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အတွေးအခေါ်တွေ၊
ငွေရှိမှသာ အဆင်ပြေမယ်၊ ဘယ်သူသေသေ ငတေမာရမယ်ဆိုတဲ့ လှိုင်းလုံးတွေကို
ဟားတိုက်ဖို့ ကြိုးပမ်းတာပါပဲ။

ဒီသီချင်းတွေရဲ့ စာသားတွေက ပြည်တွင်းက သိက္ခာတော်အင်မတန်ကြီးတဲ့
လူတန်းစားတွေအတွက်ကတော့ ညစ်ညမ်းသီချင်းတွေပါပဲ။ လိင်ဆိုင်ရာသီချင်းတွေ၊
နေ့စဉ်မြင်တွေ့နေရတဲ့ လူငယ်တွေကြားက စကားလုံးတွေဟာ သီချင်းထဲရောက်တော့
အောက်တန်းစားတွေအဖြစ် သမုတ်ခံရပါတယ်။ ဒါ့ကြောင့်လည်း ဒီသီချင်းတွေကို
Underground အဖြစ် ထုတ်တာပါ။ ဒီလောက် ညစ်ပတ်တယ်
ရုန့်ရင်းကြမ်းတမ်းတယ်ဆိုတဲ့ သီချင်းတွေဟာ ဘာ့ကြောင့် လူငယ်တွေကြားထဲ
အင်မတန် ပျံ့နှံ့ပြီး လူကြိုက်များနေတာလဲ။

အဖြေကတော့ သူတို့ရင်ကို ထိလို့ပါပဲ၊ သူတို့ခံစားချက်ကို
ရောင်ပြန်ဟပ်လို့ပါပဲ၊ VIP အဖွဲ့က ကျော်ထွဋ္ဋ်ဆွေ၊ ဂျောက်ဂျက်တို့ရဲ့ Rap
သီချင်းတွေဟာ ပြည်တွင်းရော ပြည်ပမှာပါ အခုထိ
ပျံ့နှံ့အောင်မြင်နေတုန်းပါပဲ။ မိုက်ရိုင်းတယ်ထင်ရင်၊ မကြိုက်ရင်
နားမထောင်ရုံပါပဲ။  ဒီလို အယုတ္တအနတ္တ သီချင်းတွေ ရှိနေသင့်ရဲ့လားဆိုပြီး
ဂျာနယ် စာမျက်ထက်ကနေ ဆင်ဆာအဖွဲ့ လူကြီးမင်းများထံ တခုခုလုပ်ကြပါဆိုပြီး
ဆော်သြပေးပါတယ်။ ရွာဆော်လုပ်ပါတယ်။

ပြည်ပက တချို့သတင်းဌာနတွေကလည်း ဒီလေသံနောက်ကိုလိုက်ပြီး ဟုတ်တာပေါ့၊
မိုက်ရိုင်းတဲ့သီချင်းတွေ မရှိသင့်ဘူး၊ ဒီကလေးတွေ မဆိုစေနဲ့ဆိုပြီး
တတ်ရောင်ကား အဆိုတော်ဆိုသူတွေကို ဗျူးကြပါတယ်။ သူ့အရပ်နဲ့ သူ့ဇာတ်ကတော့
အံကို ကိုက်လို့။

နိုင်ငံတော်ရဲ့ တာဝန်ရှိသူများက ထုံးစံအတိုင်း ဂျောက်ဂျက်ကို
ခေါ်ယူသတိပေးပြီး နောက်မလုပ်ဖို့ ဆုံးမပါတယ်။ လွတ်လပ်မှုဆိုတာ
မီးရထားသံလမ်းပေါ်မှာ အဝတ်ထွက်လှန်းတာ မဟုတ်ပေမယ့် ဒီကနေ့ မြန်မာပြည်က
လူငယ်တွေ ရင်ဆိုင်နေရတဲ့ ပုံစံနဲ့ သူတို့ရဲ့ ခံစားချက်တွေတော့
နည်းနည်းလေးဖြစ်ဖြစ် နားလည်ပေးသင့်ပါတယ်။

သူတို့ဟာ တချိန်လုံးကြီးတော့ သတင်းဂျာနယ်တွေက ပြောသလို
ညစ်ညမ်းသီချင်းတွေချည်းပဲ ဆိုနေကြမှာ မဟုတ်ပါဘူး။ ကိုယ်မကြိုက်တာနဲ့
လူငယ်တွေရဲ့ ခပ်ကျဉ်းကျဉ်းလေးပဲရှိတဲ့ လုပ်ပိုင်ခွင့်တွေကို
ခြိမ်းခြောက်မှုတွေ၊ အကြောက်တရားတွေနဲ့ လိုက်ဖုံးအုပ်ဖို့ ကြိုးစားနေတာက
အင်မတန် ရှက်ဖို့ကောင်းတဲ့ အဖြစ်ပါပဲ။

စစ်ဖိနပ်အောက်မှာ အားလုံးကို ပြားပြားဝပ်နေအောင် ထောင့်စေ့နေအောင်
ဖိနှိပ်နေတဲ့ကြားက အဖိနှိပ်ခံရသူ အချင်းချင်းကိုတောင်
အတို့အထောင်လုပ်ပြီး တမူး၊ တပဲသာရှိတဲ့ လွတ်လပ်ခွင့်တွေ လိုက်ပြီး
ပိတ်ဆို့ဖို့ စဉ်းစားနေတဲ့ အတွေးအခေါ်ဟာ နေပြည်တော်ကပြောတဲ့
စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနဲ့တော့ ထိုက်တန်ပါလိမ့်မယ်။

Revolution တခုဟာ ဘယ်နေရာမှာမဆို ပေါ်လာတတ်ပါတယ်။ နိုင်ငံရေး၊ စီးပွါးရေး၊
လူမှုရေး၊ ဂီတ၊ အနုပညာ စတဲ့ အလွှာအသီးသီးမှာ တချိန်မဟုတ် တချိန်တော့
ပေါ်တတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ Evolution ဖြစ်ပေါ်လာပြီး
သမိုင်းရဲ့တိုးတက်မှုကို သရုပ်ခွဲရတာပါ။ ကိုယ်မကြိုက်တာနဲ့ ပိတ်လိုက်ဟ၊
တားလိုက်ဟ၊ ဒါမျိုးတော့ လက်ခံလို့ မဖြစ်ဘူးဆိုတဲ့ အတွေးအခေါ်ရှိတဲ့
လူတွေဟာ ဒီမိုကရေစီရဲ့ တန်ဖိုးတွေနဲ့ ဖြောင့်ဖြောင့်ကြီး သွားနေတာဆိုတာ
သတိချပ်သင့်ပါတယ်။

Underground သီချင်းတွေ ထွက်လာတာကို မကြိုက်လို့ အတို့အထောင်လုပ်
သတင်းရေးလိုက်ပေမယ့် ဒီလိုသီချင်းမျိုးကို ဖန်တီးသူ၊ ကြိုက်သူ
လူငယ်တွေရဲ့ ခြေလှမ်းတွေကို သင်းသပ်သလို မလုပ်သင့်ပါဘူး။
ဒီလောက်ကလေးတောင် ခေတ်အတွေးအခေါ်နဲ့ အမြင်ကျယ်မှုမရှိဘဲ သတင်းတွေနဲ့
လူသတ်နေကြပါတယ်။ အနာဂတ်မြန်မာပြည်မှာ နောင် အနှစ် ၂ဝ ကျရင် ပေါ်ထွက်လာမယ့်
မျိုးဆက်ဟာ လွန်ခဲ့တဲ့ အနှစ် ၂ဝ ကလိုပဲ ခိုင်းတာလုပ်၊ ခေါ်ရင်လာ၊
ခံမပြောတဲ့ ခပ်နုံနုံ ခပ်အအ မျိုးဆက်တွေကို ဒီနေ့ဖန်တီးနေကြတယ်။

ပကတိအမှန်တရားရဲ့ ရက်စက်မှုကို မသတီဘူးဆိုရင် မြန်မာပြည်က လူငယ်တွေဟာ
အကြောက်တရားရဲ့ ထောင်ထဲမှာ သူတို့ထက် အဆတရာမက အကြောက်ကြီးတဲ့
လူကြီးတွေနဲ့ ဝမ်းနည်းစရာ နေထိုင်ကြရဦးမှာပါ။ ညစ်ညမ်းသီချင်းတွေပါကွာ၊
အဆင့်မရှိဘူးဆိုရင်လည်း ”ရွှေမှုန်ကြဲတဲ့ ဖဲမွေ့ရာပေါ်ဝယ်
ချစ်တလင်းဖော်မယ်” ဆိုတဲ့ စည်းကမ်းပြည့်ဝပြီး နားခံသာတဲ့ သီချင်းများသာ
ဆိုပြီး တိုင်းပြည်ကို ခင်ဗျားတို့ပဲ ချစ်ကြပါတော့။ ။

နေသန်မောင်

(နေသန်မောင်သည် ယခင်က သတင်းအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး၊ ယခုအခါ
အမေရိကန် ပြည်ထောင်စု မြောက်ကာရိုလိုင်းနား တက္ကသိုလ်တွင် ရုပ်ရှင်၊
ဗီဒီယို ထုတ်လုပ်ရေးနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များ သင်ယူနေသူ
နောက်ဆုံးနှစ် ကျောင်းသားတဦးဖြစ်သည်။)


မျိုးဆက် GW

MRTV

MRTV

နိုင်ငံတကာသတင်းဆိုသည်မှာ China Central Television (CCTV) ကိုဆိုလိုခြင်းဖြစ်သည်။
အခြားနိုင်ငံမှ မိမိထံလာပါက “ဂါဝရပြုတွေ့ဆုံ”ရန်လာခြင်းဖြစ်

ပြီး၊
မိမိကသွားရသူဖြစ်ပါက “သွားရောက်တွေ့ဆုံ” ဟုသုံးစွဲရသည်။
သတင်းကြော်ငြာနေစဉ် နောက်မှလူတစ်ယောက်စ နှစ်ယောက်စ
မှအလုပ်ရှုပ်ဟန်ဆောင်ပြရသည်။ (ဥပမာ ကျောပေး၍တောင်ခြစ်
မြောက်ခြစ်လုပ်နေရန်)
နိုင်ငံခြားဇာတ်လမ်းဆိုသည်မှာ “တရုတ်” သို့မဟုတ် “ကိုရီးယား”
ဇာတ်လမ်းများကို ဆိုလိုခြင်းဖြစ်သည်။
နိုင်ငံတော်အကြီးအကဲများသည် “လိုအပ်သည်များကိုဖြည့်စွက်
မှာကြား၍ပြန်လည်ထွက်ခွာ” သွားသူများသာဖြစ်ကြသည်။
ပြည်သူလူထုဆိုသည်မှာ “အဖြူနှင့်အစိမ်း” သို့မဟုတ် “အဝါရောင်ဝမ်းဆက်”
သို့မဟုတ် “အပြာရောင်ဝမ်းဆက်” များသာ ဝတ်ဆင်ကြသည်။
မြန်မာနိုင်ငံတော်သည် ကြီးမားလွန်းသဖြင့် နေ့မအားညမနား
အနှစ်နှစ်ဆယ်နီးပါး တည်ဆောက်သော်လည်း လမ်း၊တံတားများ ဆောက်၍မကုန်နိုင်။
နိုင်ငံတော်၏အသုံးစရိတ် နှင့်ရသုံးမှန်းခြေငွေစာရင်း
သည်ပြည်သူများအားထုတ်ပြန်ရန်မလိုအပ်ချေ။ (ဝါ) အသိပေးရန်မလိုအပ်။
ယင်းသို့မထုတ်ပြန်သော်လည်း လမ်း၊တံတား၊ဆည်မြောင်း
များဆောက်လုပ်ရာတွင်နိုင်ငံတော်မှစေတနာဖြင့်အကုန်အကျခံပေးနေရသည်။
စစ်သားများပင်ဖြစ်လင့်ကစား နိုင်ငံတော်အကြီးအကဲများ သည်
လယ်ယာလုပ်ငန်းမှအစ ပိဋိကတ်သုံးပုံ အဆုံး ကျွမ်းကျင်နှံ့စပ်ကြရာ
ဝိနည်းတော်နှင့်အညီ နေထိုင်နိုင်ရန် ရဟန်းများအားညွှန်ကြားနိုင်သည်။
မည်သည့်အခါမှ အစိုးရနှင့်ပြည်သူ သဘောထားကွဲလွဲမှုများမရှိသော်လည်း
“ပြည်ပအားကိုးပုဆိန်ရိုး”ဆိုသည့်လူနည်းစု အတွက် မြန်မာ့အသံမှ
“စစ်မှန်သောမျိုးချစ်စိတ်ဓာတ်” ဆိုသည့်ဖွင့်ဆိုချက်ကို
လွှင့်ထုတ်ပေးနေရသည်။
နိုင်ငံတော်အကြီးအကဲများ ဘုရားကျောင်းကန်တက်ခြင်းသည် သတင်းထူးဖြစ်သည်။
ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမ များသည် ပညာရေး၏အရေးပါပုံကို
မသိကြချေ။ နိုင်ငံတော်အကြီးအကဲများက ရံခါမလပ် ပညာရေးသည်အရေးကြီးသည်ဟု
မှာကြားရသည် ဟူ၏။
အမြဲကြားရလေ့ရှိသည့်စကားလုံးများ “ဖွံ့ဖြိုးတိုးတက်လာခြင်း နှင့်
အချိန်နှင့်တပြေးညီဆောင်ရွက်ခြင်း”
အမြဲ မကြားရ သောစကားလုံးများ” စီးပွားရေးကျဆင်းခြင်း ၊
နှောင့်နှေးကြန့်ကြာ သွားခြင်း”
မေးခွန်းနှင့်အဖြေ မှန်အောင်မဖြေ နိုင်ပါက ပြန်ကြားရေး ဝန်ကြီး
ဖြစ်နိုင်သည်။ (မှတ်ချက်။ ဥပဓိ ကောင်းရန်မလို။)

ဒီမိုကရေစီ

ဒီမိုကရေစီ

၁။ ဒီမိုကရေစီဆိုတာ လူထုအုပ်ချုပ်ရေးစနစ်ဖြစ်သည်။

၂။ ဒီမိုကရေစီဆိုတာ လူတစ်ဦးတစ်ယောက် အုပ်ချုပ်ရေးစနစ်မဟုတ်။

၃။ ဒီမိုကရေစီဆိုတာ စစ်ဗိုလ်တစ်စုရဲ့ အုပ်ချုပ်ရေးစနစ် မဟုတ်ဘူး။

၎။ ဒီမိုကရေစီဆိုတာ လူထုအားလုံး ပါဝင်အုပ်ချုပ်တာ ဖြစ်တယ်။

ဒီမိုကရေစီ အင်္ဂါရပ်သုံးခု

ဒီမိုကရေစီကို သိရှိသဘောပေါက် သိပ်လွယ်ကူပါတယ်။ ဒီမိုကရေစီမှာ
အင်္ဂါရပ်သုံးခု အမြဲတမ်းပါဝင်နေတယ်။ အဲဒါတွေကတော့

၁။ လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာမှု့

၂။ လွတ်လပ်သော ရွေးကောက်ပွဲများ

၃။ ဥပဒေစိုးမိုးရေး

၁။ လူ့အခွင့်အရေးပေါ်လေးစားလိုက်နာ

မှု့

လူတိုင်းလူတိုင်းကို လူ့အခွင့်အရေးအရာမှာ တူညီမှု့အရ
မွေးဖွားခဲ့တာဖြစ်တယ်။ တိုင်းရင်းသားလူမျိုး ကိုးကွယ်ရာဘာသာ
နိုင်ငံသားဖြစ်မှု့ လိင်၊ နိုင်ငံရေးယုံကြည်မှု့ (သို့) စီးပွားရေးအခြေနေ
မခွဲခြားပဲ လူတိုင်းဟာညီမျှတဲ့ လူ့အခွင့်အရေးကို ပိုင်ဆိုင်တာဖြစ်ပါတယ်။
ဘယ်အစိုးရမဆို အရေးကြီးဆုံးဟာ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့
ဖြစ်ပါတယ်။ အရေးကြီးတဲ့ လူ့အခွင့်အရေးထဲမှာ ဒါတွေပါဝင်နေတယ်။

- နိုင်ငံရေးယုံကြည်ချက်နဲ့ အမြင်သဘောထားတွေကို လွတ်လပ်စွာတင်ပြခွင့်

- နိုင်ငံရေးအဖွဲ့စည်းတွေမှာ ပူပေါင်းခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်

- ဘာသာတရား လွတ်လပ်စွာကိုးကွယ် ယုံကြည်ဝတ်ပြုခွင့်

- အစိုးရကိုငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခွင့်

- လွတ်လပ်တဲ့တရားသူကြီးတွေရဲ့ ရှေ့မှောက်မှာ မျှတသောတရားစီရင်မှု့မရှိပဲ
ထောင်ချခြင်းမခံထိုက်သော အခွင့်အရေး ဥစ္စာပိုင်ဆိုင်မှု့ကို
သိမ်းပိုက်ခြင်းမခံထိုက်သော အခွင့်အရေး

- ရဲနှင့်စစ်တပ်တို့၏ နှိပ်စက်ညှုင်းပန်းမှု့ကို ဘယ်တော့မှမခံစားစေရ ဆိုသောအခွင့်အရေး

အထက်ကပြောသောအခွင့်အရေးတွေကို လေးစားလိုက်နာမှု့မရှိသော ဘယ်အစိုးရမဆို
ဒီမိုကရေစီအစိုးရမဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။

၂။ လွတ်လပ်သောရွေးကောက်ပွဲများ

လူထုအုပ်ချုပ်ရေးဆိုတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်မှာ
အစိုးရခေါင်းဆောင်တွေနဲ့  ကိုယ်စားလှယ်တွေကို ရွေးချယ်တဲ့
ရွေးကောက်ပွဲတွေမှာ လူတိုင်းမဲပေးခွင့်ရှိပါတယ်။ ထို့အပြင် အစိုးရ
ဒါမှမဟုတ် တစုံတယောက်ရဲ့ ဖိအားပေးမှု့ကို မခံစေရပဲ မိမိရဲ့ဆန္ဒကို
လွတ်လပ်စွာ ဖော်ပြနိုင်စေဖို့ လျှို့ဝှက်ဆန္ဒမဲစနစ်နဲ့
မဲပေးပိုင်ခွင့်ရှိတယ်။

ဒီမိုကရေစီစနစ်မှာ အစိုးရဟာ လူထုဆန္ဒမဲကို
လေးစားလိုက်နာရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အစိုးရ ရှုံးနိမ့်ခဲ့ရင်
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသစ်ရွေးချယ်ခံရတဲ့ လူထုကိုယ်စားလှယ်တွေထံ
အာဏာလွဲပေးရမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲတွေကို
အချိန်မှန်မှန်ကျင်းပပေးဖို့ လိုအပ်ပါတယ်။ ဒါမှ ပြည်သူလူထုဟာ
လက်ရှိအစိုးရကို ဆက်လက်ထောက်ခံပေးသလား ဒါမှမဟုတ် အစိုးရ အပြောင်းအလဲ
လုပ်ချင်သေးသလားဆိုတာကို ဆန္ဒထုတ်ဖော်ပြနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ဒီမိုကရေစီနိုင်ငံတွေမှာ ဘယ်သူတွေ
အစိုးရလုပ်သင့်သလဲဆိုတာကို လူထုဟာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေမှာ
အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

၃။ ဥပဒေစိုးမိုးရေး

ဥပဒေစိုးမိုးရေးဆိုတာ လူတွေဟာ ဥပဒေရဲ့
လွမ်းမိုးမှု့အောက်မှာ ရှိရမယ်လို့ဆိုလိုတယ်။ ဒီမိုကရေစီစနစ်မှာ လူမျိုး၊
ဘာသာနှင့် နိုင်ငံရေးယုံကြည်မှု့ စီးပွားရေးအခြေအနေ မခွဲခြားပဲ ဥပဒေဟာ
လူတိုင်းအပေါ် အကျိုးသက်ရောက်ရမည် ဖြစ်ပါသည်။ ဥပမာအနေနှင့်ပြောရရင် တပ်က
ဗိုလ်ချုပ်ကြီးတစ်ယောက်နှင့် လယ်သမားကြီးတစ်ယောက်တို့ဟာ
ဥပဒေရှေ့မှောက်မှာ အခွင့်အရေး တူညီမှု့ရှိသည်ပြီး  ဥပဒေကို တန်းတူညီမျှ
လေးစားလိုက်နာရမှာ ဖြစ်တယ်။

ဒီမိုကရေစီစနစ်မှာ ဥပဒေစိုးမိုးရေးကို ထူထောင်နိုင်ဖို့
တရားသူကြီးတွေက အခြားအစိုးရ ဌာနတွေနှင့် ကင်းလွတ်ဖို့လိုအပ်ပါတယ်။ ဒါမှသာ
တရားသူကြီးတွေက စီရင်ဆုံးဖြတ်မှု့ပြုတဲ့အခါ နိုင်ငံရေးဖိအားမှ
ကင်းလွတ်နိုင်ပြီး ဥပဒေအရသာ စီရင်ဆုံးဖြတ်မှု့ ပြုနိုင်မှာသာဖြစ်တယ်။

ဖိုးကျော်……
………………………………………………………………………………………………………………………….

စစ်မှန်သောဒီမိုကရေစီပေါ်ထွန်းရေးအတွက် အသက်၊သွေး၊ချွေး
တို့စတေးရမည်ဆိုလျှင် နောက်မျိုးဆက်တို့
အတွက် ကျွနုင်္ပ်တို့်  ရဲဝံ့စွာ စတေးရပေမည်။

မျိုးဆက်…….

ချီးတုံးကိုကိုးကွယ်သူများ(အပိုင်း-၁)

နိဒါန်း

ပေါတာကြီး သန်းရွှေမှာ ဆီးချို၊ နှလုံး၊ ကျောက်ကပ်၊  သွေးတိုး အစုံရှိသတဲ့။ ကျောက်ဆည်က တရွာတည်းနေ ရင်းနှီးတဲ့သူတွေအဆိုအရ ၀က်ရူးပြန်ရောဂါတောင်ရှိသတဲ့။  သူ့လည်ပင်းမှာ သော့တချောင်းကိုကြိုးနဲ့ ချီပြီးဆွဲထားတယ်လို့ ဆိုတယ်။

“ကျောင်းအို ပြိုခဲ၊ လူမိုက် သေခဲ …” ဆိုသလို ရောဂါပေါင်းစုံ ရှိနေတဲ့ တပ်ရှုပ်ကြီး ပေါတာကြီး သန်းရွှေဟာ တော်တော်နဲ့ မသေနိုင်သေးဘူးတဲ့။

ပြည်သူလူထုနဲ့ နေပြည်တော် အသိုင်းအ၀ိုင်းတခုလုံးကလည်း “ဘယ်တော့သေမလဲ …” လို့ သူ့ကိုပဲ တကြည့်ကြည့် လုပ်နေကြတယ်။ သူတော်ကောင်းတရားကို ကျင့်ကြံ အားထုတ်နေတဲ့ ဓမ္မမိတ်ဆွေတွေတောင် “ဒီမသာ … သေနိုင်ခဲသကိုး”လို့တောင် ဆိုမိသတဲ့။

ဒီလို တပြည်လုံးက သေပါစေလို့ မေတ္တာပို့နေတဲ့ကြားက သန်းရွှေ ဟာ မသေနိင်ဘဲ ဖြစ်ရတဲ့အကြောင်းကတော့ ကျန်းမာရေးကို အလွန် ဂရုစိုက်တယ် ဆိုပဲ။ သူ မာလကီးယား ဖြစ်သွားရင် ခိုးဝှက်ထားတာတွေ ကုန်မယ်။သား မယားတွေ ခွေး ဖြစ်မယ်။ ဘ၀ ပျက်မယ်။

ဦးနေ၀င်းနဲ့ ခင်ညွန့်ကို သူ လုပ်ထားတာတွေကလည်း သူ့ကို ခြောက်လှန့်နေတယ်။ ဒီတော့ ” ငါ မသေရဘူး။ ငါ မသေနိုင်ဘူး …” လို့ ပါးစပ်က ဂဏှာမငြိမ်  တတွတ်တွတ် ရွတ်နေလေ့ရှိတယ်။ သူ့အသက်ကို ကြံဖန် မွေးနေသတဲ့။

“နွားတွေ ကျန်းမာတာ မြက်စားလို့ …” ဖြစ်မယ်ဆိုပြီး မြက်စားကြည့်တယ်။ “တစ်တီတူးလို ခြေထောက် နှစ်ချောင်း မိုးပေါ်ထောင်အိပ်ရင် အသက်ရှည်မယ် …” ဆိုလို့ အိပ်ရင် ခြေထောက်ကို မိုးပေါ် ထောင် အိပ်တယ်။ အဲဒီလို ပေါက်ကရ ခြောက်ဆယ် ဖြစ်နေသတဲ့။

ပေါတာကြီးရဲ့ ကျန်းမာရေးဆိုင်ရာအမြင်ကတော့ သိပ်ရှိလှတာ မဟုတ်ပါဘူး။ ၀မ်းတလုံးကောင်းရင် ခေါင်းမခဲဘူး ဆိုတဲ့ အမြင်မျှသာ ရှိသတဲ့။ သူအိမ်သာတက်ရင် မစင်ကို အသေအချာ စစ်သတဲ့။

ပေါတာကြီး ဘာကြိုက်လဲ ၊ ဘာကိုအစိုးရိမ်ဆုံးလဲ။ ပေါတာကြီးအကြိုက်ကို လိုက်နေသမျှ ရာထူးမြဲမယ်။ စားပေါက် စားလမ်း ပွင့်မယ် ဆိုတာကို “အောင်သောင်း၊ မောင်သောင်း၊ မောင်အေး၊ ကျော်ဆန်း၊ ခင်ရီ၊ မြင့်ဆွေတို့ဟာ ပေါတာကြီး အကြိုက်ကို အပြိုင်အဆိုင် လုပ်နေသူတွေဖြစ်တယ်။

ပေါတာကြီးနဲ့ တရုတ်သိုင်းကား

ပေါတာကြီး တရုတ်သိုင်းကားကြိုက်ရင် တရုတ်သိုင်းကားတွေကို သူတို့လည်း  ကြိုက်လိုက်ကြတယ်။ တရုတ်သိုင်းကားထဲက ဇာတ်လမ်းတွေကို အပြိုင်အဆိုင် ကျက်ကြတယ်။ တရုတ် ဇာတ်လိုက်တွေဟန်ကို အတုခိုးကြတယ်။ ဖင်ဗူးတောင်း ထောင်ပြီး အတွင်းအားတွေ ရအောင် ကျင့်ကြသတဲ့။

သူတို့တသိုက် တရုတ်သိုင်းကားတွေကို အထူးပြု လေ့လာ လိုက်စားကြတယ်။ မြန်မာပြည်ရဲ့ နိင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ စစ်ရေးပေါ်လစီတွေဟာလည်း တရုတ်ကားတွေထဲကလို ဖြစ်လာကုန်သတဲ့။ “မဆိုင်ရင် ၀င်မပြောနဲ့၊ ခေါင်းပြတ်မယ် … လျင်သူ စားစတမ်း …” ဆိုတာမျိုးတွေ ဖြစ်လာတယ်။

အထူးသဖြင့် တရုတ်ကို သိပ်ကို အထင်ကြီးလာကြသတဲ့။ အနာဂတ်ကမ္ဘာကို အုပ်စိုးမှာ တရုတ်သိုင်းသမား တယောက်ယောက် ဖြစ်ရမယ်လို့ သူတို့ ယုံကြည်ကြတယ်။ တတိုင်းပြည်လုံးမှာ “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” ဆိုတဲ့ ဆိုင်းပုဒ်။ အစိုးရအဖွဲ့ထဲမှာတော့ “တရုတ်သာ အမိ တရုတ်သာ အဖ …” ပဲ။

ပေါတာကြီးနဲ့ ကိုရီးယားရုပ်ရှင်

ဒါပေမဲ့  ပေါတာကြီးက တရုတ်သိုင်းကားကို ကြည့် ရတာ ငြီးငွေ့လာပြန်တယ်။

တနေ့ တနေ့ ခုတ်ဟယ် ထစ်ဟယ် ချဟယ် … နဲ့ အဓိပ္ပါယ်မရှိဘူး။ တပ်ရှုပ်ကြီးသာ လုပ်နေရတာ သိုင်းကားထဲက သွေးထွက်သံယိုဖြစ်နေတဲ့ ပြကွက်တွေကို ကြည့်ရတာ ရင်တုန် ပန်းတုန် ရှိတော်မူတယ်။ အပြောင်းအလဲလေး လုပ်ချင်လာတယ်။ ဒါကို အကွက်ချောင်းနေတဲ့ ကျော်ဆန်းက -

“တပ်ချုပ်ကြီးခင်ဗျာ … ကျနော့်ညီ သဘောင်္သား ပို့လိုက်တဲ့ ကိုရီးယားဇာတ်လမ်းတွဲလေး မြည်းကြည့်ပါ …”

လို့ ပေးလိုက်ရာက … သန်းရွှေဟာ ကိုရီးယားရှပ်ရှင်ကို အစွဲကြီး စွဲတော့တယ်။

ရိုမန်တစ်တွေ ဘာတွေဖြစ်၊ ကိုရီးယားမင်းသမီး အွန်ဆောကို “In Love ” တွေ ဘာတွေ ဖြစ်နေတယ် ဆိုပဲ။ ဒါကြောင့် သူ့မိန်းမ ဒေါ်ကြိုင်ကြိုင်က အရွဲ့တိုက်တဲ့အနေနဲ့  လူမင်းနဲ့ တွဲပြ။ ဒါပေမဲ့ ပေါတာကြီးက မထ။

ကျော်ဆန်း မွှေလိုက်တဲ့ စနက်က  အောင်သောင်း၊ မောင်သောင်း လူရှုပ်တသိုက် အလုပ်များ စေတယ်။ အွန်ဆော၊ ဖွန်ဆောတို့အခွေတွေ ရသမျှပို့။   မြန်မာပြည်မှာ မီးမလာတာ၊ လောင်စာပြတ်တာ၊ ဆန်ပြတ်တာတွေ အရေးမထား၊ ပေါတာကြီး အတွက် ကိုရီးယားကား မပြတ်သွားရေးက သူတို့အတွက် အရေးကြီးတဲ့ အလုပ်။ ဒါကို နိင်ငံတော်ရဲ့  ကြီးလေးတဲ့ တာဝန် လို့ ပြောကြ ရေးကြတယ်။

ကိုရီးယားက သံအမှုထမ်းတွေလည်း အလုပ်များကုန်တယ်။   “လ၀- ၁၊ လ၀- ၂”  ဆိုတဲ့ ညွန်ကြားချက်တွေ ရောက်လာတယ်။  ကိုးရီးယားကားဆို ဘာကားရရ ဘယ်ဈေးဖြစ်ဖြစ် နေပြည်တော်ကို အကုန်ပို့။ မိရိုးဖလာစားလာတဲ့ ချဉ်ဖတ်ကိုတောင် ပေါတာကြီးက အထင်သေးချင်သလိုလို ဖြစ်လာပြီး ကိုရီးယား “ကင်ချီး”ကမှ ပိုကောင်းတယ်လို့ ထင်လာသတဲ့။

မတော်တဆ ကိုရီးယားမင်းသမီး မြန်မာပြည်ကိုလာလည်ရင် စကားပြောနိုင်အောင် ကိုရီးယားစကားကို သင်သတဲ့။

ကိုးရီးယားရုပ်ရှင်တွေဆိုတာကလည်း ၀ိတိုရိယဘုရင်မကြီးခေတ်က အဆင့်တန်းထက် မမြင့်တဲ့ ဘ၀ အလွမ်းမောတွေ မျှတဲ့ ရှေးရိုးဆန်တဲ့ အယူဆတွေပါ။ ဆရာကို ကြောက်ရ၊ မိဘကို အလွန် ရိုသေရ၊ သားကို သခင် လင်ကို ဘုရား၊ ချစ် ကွဲ ညား၊ မြန်မာရုပ်ရှင်တွေလိုပဲ “မွဲပြာပုဆိုး”၊ မင်းသားတလှည့် မင်းသမီးတလှည့်၊ လူကြမ်းတလှည့် မင်းသမီးယောက္ခမတလှည့် အလှည့်ကျ ငို ရတဲ့ သဘောပဲ ရှိတယ်။  မင်းသမီး၊ မင်းသားတွေက သိပ်ငိုတယ်။

ကိုရီးယားမင်းသမီးတွေ အော်ကြီးဟစ်ကျယ် ငိုကြတဲ့အတွက် ပေါတာကြီးအိမ်ဟာ မသာအိမ်လို ဖြစ်နေတယ်။ နေပြည်တော်က ဖဲသမားတွေဟာ ငိုသံကြားတော့ “မသာအိမ် ဒီနားရှိမှာပဲ …” ဆိုပြီး ၀င်သွားတော့ ပေါတာကြီးအိမ်ဖြစ်နေတာနဲ့ ပြန်လစ်လာခဲ့ရတယ် ဆိုပဲ။

ပေါတာကြီး ကိုရီးယားကားကြိုက်တော့  အောင်သောင်း၊ မောင်သောင်း၊ ကျော်ဆန်း စစ်ဗိုလ် လူပျက်တသိုက်လည်း ကြိုက်လိုက်ကြပြန်တယ်။ တပြည်လုံးမှာ နေ့နေ့ ညည ကိုရီးယားကားပဲ ပြတော့တယ်။

ကိုရီးယားကားကိုပဲ မြန်မာတွေ ကြည့်ကြရတော့ သတဲ့။ ကြာလာတော့ မြန်မာတွေလည်း ကိုရီးယားကားတွေကို ဘိန်းသမားများ ဘိန်းစွဲသလို  အစွဲကြီး စွဲတော့သတဲ့။ ဒီနေ့မြန်မာတွေ ဘာအလိုချင်ဆုံးလဲလို့ သကြားမင်းကြီး စစ်တမ်းကောက်ကြည့်တဲ့အခါမှာ ကိုရီးယားရုပ်ရှင်ကို အကြည့်ချင်ကြဆုံးပဲလို့ သိရတယ်။

မြန်မာပြည်မှာ ရှိတာက “မရှိ …” ဆိုတဲ့ စကားပဲ ရှိတာကလား။ “ဆန် မရှိ၊ ဆား မရှိ၊ ရေနံဆီ မရှိ၊  မီး မရှိ၊ ရေ မရှိ၊ စားစရာ မရှိ၊ ငွေ မရှိ၊ အလုပ် မရှိ၊ ပညာရေး မရှိ၊ ဆေး မရှိ၊ အမျိုးသမီးသုံး ဂွမ်းထုတ် မရှိ၊ နောက်ဆုံး ယူစရာ လင် တောင် မရှိကြဘူးတဲ့။  ဒီလို ဘာမှ မရှိ ဖြစ်နေပေမယ့်  မြန်မာတွေကတော့ အေးအေးဆေးဆေးပဲ ။ ညနေ ကိုရီးယားရှပ်ရှင်ကို ကြည့်ရရင် အလုံးစုံသော အားရ ကျေနပ်မှုတွေ ဖြစ်နေကြသတဲ့။

ကျော်ဆန်းရဲ့ အလုပ်က ညနေရောက်ပြီဆိုတာနဲ့ အသံလွှင့်ရုံကနေ ကိုရီးယားရုပ်ရှင်ခွေကို ပြလိုက်ရုံပဲ တဲ့။ ပါမောက္ခ၊ ဆရာဝန်၊ ဆိုက်ကားသမား၊ ကျောင်းဆရာ၊ အငြိမ်းစား စစ်ပြန်၊ ဗိုလ်ချုပ်၊ ဗိုလ်မှုး၊ စစ်သား၊ ရှေ့နေ၊ ပြဇာတ်မင်းသား၊ အငြိမ့်သမ၊ ဗေဒင်ဆရာ၊ သူတောင်းစား၊ လူမိုက်၊ သူခိုး အလုံးစုံသော လူထုပရိဿတ်တွေဟာ  ရှိတာ မရှိတာ အပထား၊ ကမ္ဘာကြီး မနက်ဖန် ပြိုလို့ ပျက်ပျက်၊ လူတွေက သေရင်တောင် ကိုရီးယားကားပဲကြည့်ပြီး အသက်ထွက်မယ်လို့  ဆုံးဖြတ်ထားကြပုံ ရတယ်။

“ရောက်ရာနေရာက ကိုရီးယားရုပ်ရှင်ကို ကြည့်ဖို့ အမှီပြန်လာကြလေ၏ ဟူသတည်း … ” ပေါ့။

ဟောလိဝုဒ်က ရုပ်ရှင်ကားတွေက – ရဲ မတရားလုပ်နေတာကို မင်းသားက  ပြန်ချတယ်၊ ကောက်ကျစ် ညစ်ပတ်တဲ့နိင်ငံရေးသမားကို ၀န်ထမ်းကပြန်လည် စောကြောတယ်။ ဆရာကို တပည့်က မေးခွန်း ပြန်ထုတ်တယ်။ မင်းသားက မင်းသမီးကို ပါးရိုက်လိုက်ရင် မင်းသမီးက မင်းသားပါး ကို ပြန်ရိုက် လိုက်တယ်။  ဒါကို ပေါတာတို့လူစုက မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးလို့ မြင်တယ်။

ဟောလိဝုဒ်ထဲက မင်းသားက မင်းသမီးကို လက်ကို ဇတ်ကနဲ ဆွဲပြီး နှုတ်ခမ်းကို နမ်းလိုက်တဲ့အခါ၊ မင်းသမီးက မင်းသားကို  ပါးတချက် ပိတ်ရိုက်ရင်း အိပ်ရာထဲကို ခြေခွင် လှဲချလိုက်တယ်။ ပြီးတော့ အပေါ်စည်းကနေ စိုးမိုးလိုက်တယ်။ ဒါကို ပေါတာတို့ လူသိုက်က ဘုန်းတွေ၊ ကံတွေ၊ နိမ့်တယ်လို့ မြင်ကြပြန်တယ်။ ဒါဟာ အလွန် နှစ်သက်စရာကောင်းတယ်လို့ နားမလည်ကြဘူး။

ဒီတော့ “ဟောလိဝုဒ်ကားတွေကို မပြနဲ့” ဖြစ်လာသတဲ့။

“ကိုရီးယားကားက မြန်မာတွေအတွက် သင့်တယ် …”လို့ ဆုံးဖြတ်တယ်။

အဆိုးဝါးဆုံးကတော့  ကိုရီးယားကားကို  မြန်မာတွေကြည့် ပြီးတဲ့အခါ …

မြန်မာ အမျိုးသားပရိသတ်ကလည်း မျက်လုံးပြူးပြူး၊ အသားညိုညို ၊ ထူထူထဲထဲနှုတ်ခမ်း၊ ဖယ်ရမ်းနေတဲ့မြန်မာ့အမျိုးသမီးတဦးရဲ့ စွဲမက်ဖွယ်ရာတင်ပါးနဲ့ ပြေပြစ်တဲ့အချိုးအဆက်တွေကို “အလှ …” လို့ သူတို့ မမြင်တော့ဘဲ … “ဖြူဖြူဖျော့ဖျော့ … နှုတ်ခမ်းဆိုတာ ပါရဲ့လား၊ မျက်လုံးက ငါ့ကို မြင်ရဲ့လား …” လို့ ထင်ရလောက်တဲ့ ကိုရီးယားမင်းသမီးတွေကို အလှလို့ မြင်လာကြသတဲ့။

အပြန်အလှန် သဘောအလို့ငှာ – အမျိုးသမီးတွေကလည်း အသားညိုညို သန်မာတဲ့လက်များ၊ ညိုမောင်း ပြူးကျယ်တဲ့ မျက်လုံးများပိုင်ရှင် မြန်မာယောက်ျားတွေကို ချောမောသူလို့ မမြင်တော့ဘဲ ပျော့စိပျောဖတ်တွေကို “အလှ”လို့  ထင်လာကြတယ်။

တတိုင်းပြည်လုံး ကမောက်ကမ ဖြစ်နေတာကိုကြည့်ပြီး ကျော်ဆန်းတို့ကတော့ အားရ ကျေနပ်နေတယ်။ “တတိုင်းပြည်လုံး သာယာအေးချမ်းနေအောင် လုပ်နေရတာ သူပါ …” လို့ ပေါတာကြီးကို မျက်နှာလုပ်တယ်။ ပေါတာကြီးဟာ ဆယ်မိုး၊ ဆယ်နွေမက  တရုပ်ကား ကိုရီးယားကားကို မထတမ်းကြည့်တဲ့အတွက် ကာလနာ တိုက်တော့သတဲ့။

ရွှေအကြောင်း ဖယောင်းသက်သေ၊ မစင်အကြောင်း အောင်သောင်းသက်သေ

ကိုရီးယားရုပ်ရှင်တွေ နှိပ်စက်ထားတဲ့အတွက် အအိပ်ပျက်၊ အစားပျက်ဖြစ်နေတဲ့ ပေါတာကြီးဟာ ကျန်းမာရေး ထိခိုက်တော့တာပေါ့။  သူ့ကျန်းမာရေးကို သူစိုးရိမ်လာတယ်။

သူ့ဝမ်းကို သူ နေ့တိုင်း စစ်နေတယ် ဆိုတာကို ဆရာဝန်က တဆင့်ကြားတော့ အောင်သောင်း မောင်သောင်း၊ မောင်အေး၊ ရွှေမန်း၊ ကျော်ဆန်းနဲ့ ခင်ရီတို့တသိုက်ဟာ သန်းရွှေအိမ်ကို မိုးလင်းပြီဆိုရင် မယောင်မလည်နဲ့ ရောက်နေကြတယ်။ ပေါတာကြီးဝမ်းကို အပြိုင်အဆိုင် စစ်ဆေးကြသတဲ့။ သူ့ထက်သူ သာသွားမှာလည်း စိုးကြပုံရတယ်။

အောင်သောင်းက …

”  တပ်ရှုပ်ကြီးဝမ်းကို ဒီလို ရေအိမ်မှာ မသွားပါနဲ့၊ ဂန်ဖလားထဲမှာပဲ သွားပါ။ ဆရာဝန်တိုင်း မယုံရဘူး။ ကျနော်လည်း ဗိန္ဓောလေး၊ ဘာလေး နားလည်ပါတယ်။ မနက်တိုင်း ကျနော် စစ်ပေးပါမယ်။”

ဒါနဲ့ ပေါတာကြီးလည်း ဂန်ဖလားထဲမှာပဲ ၀မ်းကို သွားလိုက်တယ်။ သန်းရွှေကြီး မစင်ပုံကို အောင်သောင်းက တုတ်တချောင်းနဲ့ ဟိုမွှေ ဒီမွှေလုပ်နေတယ်။

ဒီအခါ မောင်အေးကလည်း အားကျမခံ၊  စုံထောက်ရှားလော့ဟုမ်း သဲလွန်စကို လိုက်သလိုမျိုး လေးဖက်ထောက်ပြီး ဂန်ဖလားနား အသေအချာ ကပ်ကြည့်လိုက်တယ်။ ခပ်ပြင်းပြင်း တချက် ရှုလိုက်ပြီး –

” အင်း … အနံ့ကတော့ မဆိုးဘူး …”

လို့ မှတ်ချက်ချတယ်။ ”

ဒီအခါ ရွှေမန်းကလည်း ‘

‘မှန်း … ကျနော် ကြည့်ပါရစေ ”

ပြီးတော့ မရွံမရှာ ချီးတုံးကို လက်နဲ့ ဇတ်ခနဲ ကောက်ကိုင် လိုက်တယ်။ လေးနက်တဲ့အသွင်နဲ့

”၀မ်းက မဆိုးပါဘူး။ မာသားပဲ …”

လို့ ပေါတာကြီးကို မျက်နာလုပ်လိုက်တယ်။

သန်းရွှေကြီးလည်း သူတပည့်တွေ သူ့အတွက် ပူနေတာကို ကြည့် ပြီး အားရတော်မူသတဲ့။

သန်းရွှေကြီးက မောင်အေးနဲ့ ရွှေမန်းကိုကြည့်ပြီး ပြုံးတော်မူတော့ အောင်သောင်းဟာ အနေရ ကြပ်သလို ခံစားလာရတယ်။  သူက ငယ်စဉ်က အလွန် နုံချာတယ်ဆိုပဲ။  အိမ်ကြိုအိမ်ကြား ကြီးလာရတယ်။ လူတကာရဲ့ အနှိပ်စက် ခံ လာရတဲ့အတွက် သိမ်ငယ်စိတ်တွေက ရင်ထဲမှာ တသိမ့်သိမ့်နဲ့ လှုပ်ရှားလာသတဲ့။

ဒီကောင်တွေကို မနာလိုစိတ်တွေ ဖြစ်လာတယ်။  တပ်ရှုပ်ကြီးကို ဂန်ဖလားမှာ အီးအီးပါဖို့ အကြံပေးခဲ့တာက ဒီကောင်၊ တပ်ရှုပ်ကြီးက ချီးကျူးတော့ သူတို့။ သူရဲ့ မနာလိုဝန်တိုမှုတွေကို  မြိုချလိုက်ရင်း …

”ပြစမ်းပါဦး မသိဘဲ ရမ်း မပြောကြပါနဲ့၊ ရွှေအကြောင်း ဖယောင်းသက်သေ၊ မစင်အကြောင်း အောင်သောင်း သက်သေပါ ခင်ဗျ။”

လို့ ခနဲ့တဲ့တဲ့၊ ရွဲ့တဲ့တဲ့ဆိုရင်း ဂန်ဖလားကြီး သူ့ဖက်ကို ဆွဲလိုက်တယ်။  မစင်တတုံးကို ဇတ်ခနဲ ကောက်ပြီး ပါးစပ်ထဲ သွင်းချလိုက်တော့တယ်။

အားလုံးက “ဟာ…” ကနဲ ဖြစ်သွားတယ်။

ပြိုင်ဖက်တွေကို အနိုင်ယူလိုက်နိုင်တဲ့အတွက် အားရ ကျေနပ်တဲ့မျက်နာနဲ့  မစင်တွေကို ၀ါးရင်း

“တပ်ရှုပ်ကြီး။ ချဉ်ငံစပ်တွေ စားတာ နည်းနည်း များနေတယ်။ အချဉ် အငံ အစပ်တွေ နည်းနည်း လျော့ဦးနော့် …”

လို့ ဆိုလိုက်တယ်။

သူတို့မယားတွေဟာ မျက်နှာတွေ ရှုံ့မဲ့သွားတယ်။  ပညာတတ်တဲ့ ဗိုလ်မှုးကတော်လေးတွေ မျက်နှာကို အောက်ချလိုက်ကြတယ်။ နှာခေါင်းတွေကို လက်ကိုင်ပုဝါနဲ့ မသိမသာ အုပ်လိုက်ကြတယ်။ ကလေးတွေက “ရွံ့စရာကြီး …” ဆိုပြီး အိမ်ရှေ့ကို ထွက်ပြေးသွားကြတယ်။

လုံခြုံရေး တပ်စုမှူးလည်း “နောက်တခါ ငါ့အလှည့်လား … မသိဘူး။”

ဆိုပြီး ရင်တထိတ်ထိတ်  ဖြစ်သွားတယ်။

စကားပြောစက်မှာ” ရထား ဖြစ်လား  ” လို့မေးရမှာကို “ဘုရားဖြစ်လား …” လို့ ကယောင်ကတမ်း ဖြစ်ကုန်တယ်။

တယောက်က မစင်ကို နမ်း ၊ တယောက်က ကိုင်၊ တယောက်က စားပြ။ အဲသလို အပြိုင်အဆိုင် “ဖါး” ကုန်ကြပါပကောလား။   “ငါတော့ ချောင်ထိုးခံရတော့မှာပဲ”လို့ စဉ်းစားရင်း မောင်သောင်းဟာ ခေါင်းနားပမ်းကြီးလာတယ်။

ပုဆိုးမနိုင်၊ ခေါင်းပေါင်းမနိုင် ကိုးယိုးကားယားနဲ့ ညက အိပ်မက် မကောင်းဘူး။ ဆင်နင်းခံရတယ်လို့ အိမ်မက်မက်တာဟာ  သမ္မာဒေ၀တွေက တခုခုကို သတိပေးနေတာပဲ ဖြစ်မယ်လို့ အပြေးအလွှား စဉ်းစားရင်း …

“ဖယ်ကြပါ …”

“ဖယ်ကြပါ …”

“အရမ်းတွေ ပြောနေလို့ မပြီးဘူး။ စုကြည်တို့ အန္တရာယ်ကို လျော့တွက်လို့ မရဘူး … တပ်ရှုပ်ကြီး။ သူတို့ဟာ တိုင်းပြည်ရဲ့ ရန်သူတွေပါ …”

တဖက်ကို ခြောက်လှန့်လိုက်ရင်း သူ့ဖက်ကို အာရုံစိုက်လာအောင် လုပ်လိုက်တယ်။ သူကဆက်ပြီး …

“ရန်သူတွေကို တိုက်တဲ့နေရာမှာ ဒီအတိုင်းတိုက်လို့ မရဘူး ခင်ဗျ။ ဆင် မြင်း ရထား နဲ့ စစ်အင်္ဂါလေးပါး လိုပါတယ်။  ဒါ့အပြင် မယုံမရှိပါနဲ့။ ကျနော်တို့မှာ “အဆောင်” လိုပါတယ် ခင်ဗျ။ တပ်ရှုပ်ကြီးဟာ သာမာန် တပ်ရှုပ်ကြီး မဟုတ်ပါဘူး။ အလောင်းစည်သူမင်းတြားကြီး သေလို့ ၀င်စားတယ်လို့ ဘိုးတော်သန်းလှတို ၊့ ဘိုးတော်တိမ်ကြားဖင်ပြောင်တို့ကလည်း ပြောပါတယ် …”

“တပ်ရှုပ်ကြီးမစင်တုံးဟာ သာမန် မစင်နဲ့ မတူပါဘူး။ သေသေချာချာကြည့်ရင် တန်ခိုးရှိတဲ့ မစင်ပါ ခင်ဗျ။ မယုံမရှိပါနဲ့နော်။ ကျနော်တော့ ယုံတယ်။  ”

သူ့ဘာသာသူ အဆိုတင်၊ သူ့ဘာသာသူ ထောက်ခံလိုက်တယ်။

“ကျနော်ကတော့ တပ်ရှုပ်ကြီး မစင်ကို စမ်းသပ် စစ်ဆေးနေရုံနဲ့ မပြီးပါဘူး။ ဒါတွေက စိတ်မချရဘူး …”

ပြောလည်း ပြော လက်အုပ်လည်း ချီကာ …

“တပ်ရှုပ်ကြီးမစင်တုံးကို ကျနော်တို့အားလုံး ကိုးကွယ်သင့်ပါတယ် …”

လို့ ဆိုပြီး ဘာမပြော ညာမပြော  ထိုင် ကန်တော့ လိုက်လေတယ်။

အားလုံးလည်း မျက်စိမျက်နှာတွေပျက်သွားကြသတဲ့။ ဒါပေမဲ့ ပေါတာကြီး မျက်နှာကြည့်လိုက်တော့ မောင်သောင်းကို လုံးဝကို တော်တယ်ဆိုတဲ့ မျက်လုံးများ နဲ့ အားရကျေနပ်စွာ ကြည့်တော်မူသတဲ့။

ပြီးတော့ မောင်းသောင်းဟာ ပေါတာကြီးသန်းရွှေနားကို လက်အုပ်ချီရင်း  တရိုတသေ ဒူးထောက် ကပ်သွားတယ်။ နှစ်ကိုယ်ကြား လေနဲ့  …

“တပ်ရှုပ်ကြီး မပေါ့နဲ့နော်၊ ချီးတုံးကို တပ်မတော်တခုလုံးကို ကိုးကွယ်ခိုင်းဖို့ အမိန့် ထုတ်ပါ။ ဒါမှ ဒီကောင်တွေ မလှန်ရဲမှာ။ ဗိုလ်ချုပ်ခင်ညွန့်လို ကောင်တွေ တပ်ထဲမှာရှိရင် အန္တရာယ်များတယ်။ ခုထဲက ချီးတုံးကို ကန်တော့ခိုင်း၊  မကန်တော့တဲ့ကောင် ဆိုရင် … ဟင်း … ဟင်း  …”

ဆိုပြီး လက်နဲ့  သူ့လည်ပင်းကို ဖြတ်တဲ့ပုံ လုပ်ပြလိုက်တယ်။

ပေါတာကြီးဟာ မောင်သောင်းပုခုံးကို ကြင်နာစွာ ဆုပ်ကိုင်လိုက်တယ်။ ရန်များကို ကိုယ် ရှင်းမယ်ဆိုတဲ့ စတိုင်နဲ့ ပျော့တွဲနေတဲ့ လက်မောင်းကို ဆန့်တန်း လိုက်တဲ့အခါမှာ ကြိုးချောင်နေတဲ့ ရွှေရောင်လက်ပတ်နာရီကြီးဟာ ဒုတ်ကနဲ လက်မောင်းရင်းကို လျောကျသွားတယ်။

“မင်းလို လူစား၊ အများသား …” ဆိုတာ  မြန်မာ့တပ်မတော်အတွက် နိယာမတခုပါ။ မောင်သောင်းလိုပဲ အားလုံက လူလည်တွေချည်းပဲ ဖြစ်ပါတယ်။

ရွှေမန်းက ပျာယာပျာယာနဲ့

“ကဲ … အားလုံး …”

“ဖိနပ်တွေ ချွတ်ကြ။ ဦးထုပ်တွေ ချွတ်ကြ …”

ဆော်သြလိုက်ရင်း ဂန်ဖလားထဲမှာ ငုတ်တုတ်ဖြစ်နေတဲ့ ပေါတာကြီးချီးတုံးကို တဖွဲ့လုံး ၀ိုင်း ကန်တော့လိုက်ကြတော့တယ်။

သူတို့မယားတွေကိုလည်း

“ဟဲ့ … ကောင်မတွေ … လာ … တပ်ရှုပ်ကြီးချီးတုံးကို ကန်တော့ကြ …”

သူတို့ကလေးတွေကိုလည်း ခေါ်ပြီး ရှိခိုးခိုင်းလိုက်ကြတယ်။ နောက်ပြီးတော့ မောင်သောင်းက အစောင့်စစ်သာေးတွဖက် လှည့်ကာ …

“ဟေ့ကောင်တွေ မင်းတို့ဘာကောင်တွေလဲ။ ရိုင်းလှချည်လား။ မြန်မာ့ယဉ်ကျေးမှုကို နားမလည်ဘူး။ မအေ့ xxx ၊ နှမ xxx …”

တစ်တစ်ခွခွ ဆဲလိုက်ရင်း …

“လာ ကန်တော့ကြလို့ …” အမိန့်ပေးလိုက်တယ်။

ဒီတော့ လုံခြုံရေးတပ်ခွဲမှူးလည်း  အမြီးတောင် မထောင်ရဲဘဲ …

“ဟုတ်ကဲ့ အဘ …”

ဆိုပြီး သေနတ်တွေ ချ၊ ပေါတာကြီးသန်းရွှေအီးတုံးကို ၀ိုင်း ကန်တော့ကြကုန်လေသတည်း … တဲ့။

ပေါတာကြီးလည်း သူ့နောက်လိုက်တွေအပေါ်မှာ လုံးဝကို ယုံကြည်စိတ်ချသွားသတဲ့။

“သာဓု … သာဓု … သာဓု …”

လို့ ကြွေးကြော်လိုက်တယ်။

ဒါနဲ့ သူတို့ဟာ “ချီးတုံးဟိမ၀န္တာ” ချီရင်း “ချီးတုံးဋီကာ” ကို အပြိုင်အဆိုင် ဖွဲ့ရင်း၊ ဖွဲ့ရင်းနဲ့ ပေါတာကြီးချီးတုံးဟာ တကယ် တန်းခိုးတွေရှိနေတယ်လို့ ယုံကြည်သွားကြသတဲ့။

ဒါက “ပေါ်လစီ” ဖြစ်သွားတယ်။ တပ်မတော်သားတွေ သောက်သုံးတဲ့ ရေကန်တွေမှာ တပ်ရှုပ်ကြီးရဲ့ မစင်တတုံးစီ ထည့်ထားပေးတယ်။ ဒါကို သောက်ရင် အန္တရာယ်ကင်းတယ်။ ကိုးကွယ်ရင် အကျိုး များတယ်။ ရာထူး တက်တယ်။ ဒါကို မြန်မာ့တပ်မတော်သားတိုင်း ယုံကြည်နေကြတယ်။

ဒါကြောင့် မြန်မာ့တပ်မတော်ဟာ ပေါတာကြီးသန်းရွေရဲ့ချီးတုံးကို စားမိကြ၊ ကိုးကွယ်မိကြတဲ့ အတွက် ဘုရားသားတော်၊ ရဟန်းသံဃာတော်တွေကို သတ်ဖြတ်မိတာတောင် မှားတယ်လို့မမြင်၊ နိုင်ငံတော် လုံခြုံရေးကို ကာကွယ်တာလို့ ခိုင်မာစွာ ယုံကြည်နေကြလေကုန်သတည်း။

( ချီးတုံးကိုကိုးကွယ်သူများ- အပိုင်း- ၂ )

” နိုင်တီနိုင်း ဆင့် (-99 Cent) ”

ဆေ;မြီးတိုနဲ့ ကုကြခြင်း

မောင်အေး၊အောင်သောင်း၊ မောင်သောင်း၊ရွှေမန်း နဲ့ ကျော်ဆန်းတို့ လည်း သူ
့ထက်ငါ အပြိုင်အဆိုင် ပေါတာကြီးသန်းရွှေ ကို ၀မ်းချုပေးကြပါသော်လည်း
ပေါတာကြီးဝမ်းက
မလွယ်။ နင်းကန်အပင်း ရှို ထားသဖြင့် အီးလွယ်လွယ်ပါမရ။ သူတို့ လက်မှိုင်ချ လေကုန်၏။
ပေါတာကြီးလည်း ဖင်ဘူးတောင်းထောင်ပြီး မျော့မျော့ကျန် ၏။ သူ့လူများကို
ဆဲဆို ကြိမ်းမောင်း ရုံမှတပါး အခြားမရှိဖြစ်လေသတည်း။

ရွေ မန်း က ရုတ်တရက် လက်ဖြောက်တချက် ခတ်လိုက်ရင်း
” အကြံရပြီ ”
” တပ်ရှုပ်ကြီး ဖရား – ပုဂံကိုနိုင်တာ သံမန်တလင်းပါ။ ”
”ကျနော် ငယ်ငယ်က အိမ်မှာ တလုံးတည်းသော ဘုရားသောက်တော်ရေ ဖန်ခွက်
သမန်တလင်းပေါ်ကျခွဲ မိလို့  အမေဆော်တာခံဘူးပါတယ်။ ” သူက
လက်ကိုမြှောက်လိုက် ပြီး-
” ဖင်ဝမှ ပိတ်နေတဲ့ ပုဂံတွေကို ဟော ဒီလို
သမန်တလင်းပေါ်ပေါက်ခွဲလိုက်ရင်

တရုတ်ပုဂံမကလို့  တရုပ်အမေ့ လင် ပုဂံ
ပဲဖြစ်ဖြစ် ကွဲ သွားပါလိမ့်မယ်။ ”ဒီအခါမှာ အားလုံးက -

” ဟာ – ဟုတ်ပါရဲ့ ဒို့ မေ့နေလိုက်တာ ”

ဒါပေမဲ့ သိပ္ပံဝန်ကြီး မောင်သောင်းက

” ပုဂံတွေကိုသမန်တလင်းပေါ်ပေါက်ခွဲနိင်မှတော့ တပ်ရှုပ်ကြီးအီးပါပြီပေါ့ကွ
- ဖင်ထဲက ပုဂံထွက်လာပြီ ဆိုမှ ပေါက်ခွဲစရာလိုသလား ” လို့  သိပ္ပံနည်းကျ
စဉ်းစားစမ်း လို့  ငေါက်သတဲ့

” ပုဂံကို ဘယ်လို ထုတ်မတုံ့း ” လို့  ဒေါသတကြီးမေးတယ်။

” ဒေါသမကြီးပါနဲ့ သိပ္ပံဝန်ကြီးရဲ့ ဒီကိစ္စကိုကျနော်စဉ်းစားထားပြီး ပြီ ”
” ဟော ဒီ မှာကြည့် ” ဆိုပြီး ၀ှိုက်ဘုတ် မှာ မာကာပန် ( Marker Pen) နဲ
့ သူ့ အစီအစဉ်ကို ပုံကြမ်းဆွဲ ပြသတဲ့

” ဒါက ပုဂံစင် – အိုကေ”

အားလုံး ” ဟုတ်ပြီ။ ”

ရွှေမန်း – ” ဒီပုဂံစင်ပေါ် ကိုတပ်ရှုပ်ကြီးကိုတင်လိုက်မယ်။ ”

အားလုံး- ” တင်ပြီ ။ ”

ရွှေမန်း- ” ပုဂံစင်ပေါ်ကနေ တပ်ရှုပ်ကြီးကို ကျနော်ကန်ချလိုက်မယ်။ ”

အားလုံး -” ကန်ပြီ။ ”

ရွှေမန်း – ” ဒီအခါမှာ သူ့ ဖင်ထဲက ပုဂံတွေက သမန်တလင်းနဲ့ ထိပြီး
အစိတ်စိတ်အမွှာအမွှာကွဲသွားမယ်။ ” ရွှေမန်း က ပုံနဲ
့စနစ်တကျရှင်းပြလိုက်တဲ့ အခါမှာ အားလုံးက ” ဟာ ဟုတ်သားပဲ ” ဆိုပြီး
စီမံကိန်းတခုလုံးကို ရှင်းရှင်းလင်းလင်း မြင်သွားကြတယ်။

ခင်ရီက အောင်သောင်းကိုလက်တို့ လိုက်ပြီး

” ကိုရွှေမန်းက လက်တွေ့ သမား။ ဒါကြောင့်တော်တာ” လို့ ကပ်ပြီးချီးကြုး လိုက်တယ်။

ဒါပေမဲ့  ပုဂံစင်ပေါ်ကနေ သူ့ကိုကန်ချမယ်ဆိုတာကိုတော့ ပေါတာကြီးကလန့်နေတယ်။

သူတို့ က ပေါတာကြီးကိုမကြောက်ပါနဲ့  တချက်ပဲနာမယ်။ ပုဂံတွေကွဲကုန်ရင်
ရောဂါသက်သာမယ်လို့ ဝိုင်းနားချတာနဲ့  ပေါတာကြီးလည်း လက်ခံလိုက်ရတယ်။
ဒါပေမဲ့  သူတို့ က ကိုးန၀င်းကြေအောင်ဆိုပြီး ၉ ပေခန့် မြင့်ပြီး
၉ဆင့်ပါတဲ့ ပုဂံစင်ကြီးတလုံး
ပေါ်က ကန် ချရင် ပိုပြီး လာဘ်လာဘ ကောင်းနိင်တယ်လို့  ဆုံးဖြတ်ကြတယ်။
ဒီတော့ ပုဂံစင်ကြီး ကို ည ၉ နာရီမှာ အပြီးလုပ် လုပ်ဖို့ လက်သမား ဆရာ ကို
အမိန့် ပေးလိုက်တယ်။

ပြီးတဲ့အခါမှာ ပေါတာကြီးကို ပုဂံစင်ကြီး ပေါ်တင်ပြီး တဲ့အခါမှာရွှေမန်း က
တပ်ရှုပ်ကြီး ဖရား ကန်တော့နော်လို့ ပါးစပ်က ဆိုရင်းခြေထောက်နဲ
့ပေါတာကြီးဖင်ဝကို ချိန်လိုက်တယ်။ စိတ်ထဲကတော့ ” ကာလနာကြီး
ဆင်းပေရော့လို့ ” တချက်ကြုံးဝါးလိုက်ပြီး အားပါးတရ
ကန်ချလိုက်တော့တယ်။

ပေါတာကြီးလည်း ပုဂံစင်ပေါ်ကနေ ဘုန်းကနဲ့ အသံကြီးတချက်မြည်ပြီး
ကျသွားတယ်။ ” သေပါပြီဗျ ” လို့ တချက်သာ အော်ပြီး သတိလစ်သွားတယ်။
သတိလစ်နေတဲ့ပေါတာကြီးကို သူတို့  ၉ ချက် စီဝိုင်းကန် လိုက်ကြသော်ငြားလည်း
ဖင်ထဲက ပုဂံ တွေကတော့ တချပ်မှမကွဲ ဘူးတဲ့။

ရွှေမန်း ကို အားလုံးက၀ိုင်းဆဲကြတယ်။ ” မင်းဘယ့်နှယ့် လုပ်လိုက်တာလည်း
သောက်ရမ်းလုပ်တဲ့ကောင်ပဲ ” ဒီကောင်လုပ်တာ ဒို့ မပါဘူးနော်” လို့ 
အလုံးကတညီတညာတည်းခေါင်းရှောင်လိုက်တယ်။

မောင်သောင်းက ပေါတာကြီးဖင်ဝက ပြူထွက်နေတဲ့  ပုဂံ ကို လက်နဲ့ ခေါက်ကြည်
့လိုက်တယ်။ ” ဒေါင် ဒေါင် ” အသံ အောင်တယ်။ တည်ငြိမ်လေးနက်တဲ့အသွင်နဲ့ 

” အမေရိကန် က ကွာလတီကွန်ထရိုးလုပ်ထား ပုံရတယ် ” လို့  မှတ်ချက်ချတယ်။

ပေါတာကြီး ကတော့သတိကိုမလည်နိုင်သေးဘူး။ အားလုံးလည်း နှာနှပ်သူနှပ်၊
ခြေမချိုးသူချိုး
သောက်ရေခပ်သူခပ် ယောက်ယက်ခတ်သွားကြပြန်တယ်။

ပေါတာကြီးလည်း သတိပြန်လည် လာတယ်။ ဒေါသတကြီးဖြစ်ကာ-
” ရွှေမန်း မင်းငါ့ကို လုပ်ကြံတာပဲ” အနားက ဆေးလိပ်ပြာခွက်နဲ့ ကောက်ပေါက်လိုက်သတဲ့။

ဒီအခါမှာ မောင်အေးက လည်း ရွှေမန်း ကို အရက်ပုလင်းလွတ်တလုံးနဲ့ 
ထပ်ပစ်လိုက်သေးတယ်။ ဂွင်စောင့်နေတဲ့ မြင့် ဆွေက

” ဟုတ်တယ်သောက်သုံးကိုမကျဘူး ။ ဒီကောင် ဖြုတ်ပစ်လိုက်ပါတော့ ” လို့ ဆိုတယ်။

ဒီအချိန်မှာ – အခွင့်ကောင်းစောင့်နေတဲ့  ကျော်ဆန်းကလည်း ” ကိုရွှေမန်း
ခင်ဗျား လုပ်တာမဟုတ်ဘူးဗျာ။ တပ်ရှုပ်ကြီး ဖရား သေသွားရင်ဘယ်နဲ့ လုပ်မလဲ ။
ခင်ဗျားနှုတ်ထွက်စာတင်သင့်တယ်လို့  ” အတို့ အထောင်လုပ်လိုက်တယ်။

စောက် ရမ်း ကျော်ဆန်း အကြံ

ကျော်ဆန်း က ဆက်ပြီး ” ခင်ဗျား ဥာဏ်တစက်မှမရှိဘူးဗျာ- အပ်နဲ
့ထွင်းရမဲ့ဟာကို ပေါက်စိန်နဲ့ ပေါက်တယ်ဆိုတာဒါမျိုးပေါ့ ဗျ-
ပြဿနာတိုင်းဟာ အကြမ်းနည်းနဲ့ ပဲခင်ဗျား
တို့ အဖြေရှာတတ်ခဲ့တာကိုး။ ဒီလို ပြဿနာတွေကိုဖြေရှင်းဖို့ ရှေ့ လူကြီးတွေ
က ကျမ်းရေးခဲ့တယ်ဗျ၊
လောကျမ်း မှာ ချီးမပါသော် မခက်လော- ပျားရည်နဲ့ ဝမ်းချသော်မလွယ်လောတဲ့။ ”

” ပျားရည် စစ်စစ်လေးတိုက်လိုက်စမ်းပါ။ ၀မ်းက တောင်ကျရေကျသလို တဝေါဝေါနဲ့ 
ပန်းထွက်လာစေရမယ်။ မသွားရင်ကြိုက်သလိုလုပ်ဟုတ်လား ”

ဒီအခါက အားလုံးက သံယောင်လိုက်ကာ ” ဟာ ဟုတ်သားပဲ ။ ဒီနည်းကောင်းတယ်။”
လို့ သံပြိုင်ဆိုလိုက်ကြပြန်တယ်။ မောင်အေးက ”
ကဲပျားရည် ပေးစမ်းလို့  ” အနီးမှာရှိတဲ့ လုံခြုံရေးတပ်ခွဲမှုး ကို တောင်းလိုက်တယ်။
စစ်သားက ပျားရည် ဘယ်လောက်လိုချင်ပါသလဲလို့  ကျိုးနွံ စွာမေးတော့

မောင်အေးက လေသံမာမာ နဲ့  ” ကိုးပုလင်း ယူခဲ့ ”

ဒီအခါမှာ တပ်ခွဲမှုး ကလည်း စစ်ဌာနချုပ်က တာဝန်ကျ ဗိုလ်ကို ဖုန်းနဲ့ 
ပြင်းထန်တဲ့လေသံနဲ့ 
” ဟေ့ အိမ် တော်က ဆက်နေတာကွ ။ ပျားရည် ကိုးပုလင်း အခုချက်ချင်းပို့ လိုက်။ ”

စစ်ဌာနချုပ် က ဗိုလ်တဦး က- (အလွန် ကျိုးနွံစွာဖြင့် ) ” ကျနော်
ပါခင်ဗျာ။ အမိန့် ရှိပါ။ ခုချက်ချင်းပို့ လိုက်ပါမယ် ”

စစ်ဌာနချုပ်က ဗိုလ်လည်း ထောက်ပံ့ရေးကိုဖုန်းဆက်တော့တယ်။

အလွန်မောက်မာတဲ့လေသံဖြင့် – ဟေ့ တာဝန်ကျဘယ်သူလဲ ။ မအေ — နှမ–
ပျားရည် ချက်ချင်းပို့ စမ်း။ ကြားလား ။”

တာဝန်ကျရဲဘော် ( နှစ်ပြားမတန်လောက်အောင် ခယ၀ပ်တွားကျိုးနွံစွာဖြင့် ) ”
ကြားပါတယ်ခင်ဗျား။ ကြားပါတယ်။ ပျားရည် ကိုးစင်း ခုပဲပို့ လိုက်ပါမယ်။ ”

အဲဒီလို ပျားရည်စစ်စစ် ကိုးပုလင်းလို့  ဖုံးနဲ့  တဆင့်စီအကြောင်း ကြားလိုက်ကြတယ်။
ဒါပေမဲ့ မြန်မာပြည်က ဖုံးလိုင်းတွေက သိပ်မမိတော့ ကိုးပုလင်းလား
ကိုးစင်းလားဆိုတာသိပ်မသဲကွဲဘူး။ ပြန်လည်းမမေးရဲတော့ – ၉
ပုလင်းတော့မဖြစ်နိင်ဘူး။ နေပြည်တော်ကမှာတာဆိုတော့ ၉ စင်းပဲဖြစ်မယ် ။
ဒေါ်ကြိုင်ကြိုင် တဆွေတမျိုးလုံး အတွက်ဖြစ်မယ်ဆိုပြီး လော်လီကား ၉
စင်းတိုက် ပို့ လိုက်တော့သတဲ့။

လုံခြုံရေးတပ်ခွဲမှုးလည်း ပျားရည် တွေကို ခြံပြင်ထွက်ယူတယ်။ ကား၉
စင်းတိုက်ကိုတွေ့ တော့
ထခုန်သတဲ့- ” ဟ သောက်ခွေး။ မှာတာ ၉ပုလင်း -မင်းတို့ ပို့ တာ ကား၉ စင်းတိုက်တောင်မှ
လား။ မအေ- တွေ – နှမ – တွေလုပ်လိုက်ရင်သောက်ရမ်းချည်းပဲ။ ”

ဆိုပြီးကားမောင်းလာတဲ့ ရဲဘော်တွေကို ပြစ်တင်ကြိမ်းမောင်းတော့တယ်။
ကားမောင်းလာတဲ့ရဲဘော်တွေလည်း ” ကျနော်တို့ ဘာလုပ်ရမလဲခင်ဗျာ ”
တပ်ခွဲမှုး- ” မအေ- တွေ။ နှမပေးတွေ မင်းတို့ သောက်သုံးမကျ တာနဲ
့ငါအလုပ်ပြုတ်တော့မယ်။
ငါ့ကို ၉ ပုလင်းပဲပေး။ ကျန်တာတွေကို ခုချက်ခြင်း မြေမြှုပ်ပစ်လိုက်စမ်း ။ ”

လို့ အမိန့် ပေးလိုက်တယ်။ စစ်သားတွေလည်း တက်ညီလက်ညီ ပျားရည် လော်လီကား ၉
စင်းတိုက် ကို သွန်ပြီးမြေမြုပ်လိုက်ကြသတဲ့။ တပ်ခွဲမှုးလည်း ပျားရည် ၉
ပုလင်းယူပြီး ရင်ကော့ပြီး အိမ်ထဲကိုဝင်သွားတယ်။

ပေါတာကြီးလည်း ပျားရည်ပုလင်းတွေကိုကြည့် ပြီး
ဒါတွေငါအကုန်သောက်ရမှာလားလို့ ကြောက်အားလန့် အားနဲ့ကျော်ဆန်းကိုမေးတော့
ကျော်ဆန်းက ရောဂါပျောက်ဖို့ က အရေးကြီးတယ်မဟုတ်လား။ ပျောက်ကင်း
လို့ သက်သာသွားရင် မသောက်ပဲရပ်လိုက်နိင်ပါတယ်လို့ အကြံပေးသတဲ့

သူတို့ ပေါတာကြီးကို ပျားရည်တိုက်ကြပြန်တယ်။ ပေါတာကြီးလည်း
သမန်တလင်းပေါ်ကို ကန်ချတာထက်စာရင် ပျားရည် သောက်ရသော်မဆိုးဘူးဆိုပြီး
ပျားရည်တွေကိုသောက်လိုက်တယ်။

ဒါပေမဲ့ပျားရည်ထဲမှာ က သကြားဓါတ်အလွန်ကြွယ်ဝတဲ့အတွက် ၀မ်းမသွားပဲ
နဂိုက ဆီးချို အခံရှိထားတဲ့အတွက် ချက်ခြင်းဖေါယောင်လာတယ်။ လူက လေထိုးထားတဲ့
ဘောလုံးကြီးလို ဖြစ်သွားပြန်တယ်။ နဂိုက ကျယ်လှတဲ့ဖင်ခေါင်းတောင် မကျယ်နိင်ပဲ
ဝမ်းကပိုပိတ်သွားသတဲ့။ ဖင်ဝကအရင်ကမြင်ရတဲ့ မိတ်အင်ချိုင်းနားစာတန်းက
ချိုင်းနား ဆိုတဲ့ စာတန်းပဲမြင်ရတော့သတဲ့။

ပျားရည်တွေ သောက် လိုက်ပေမယ့်ရင်တွေပူ။လူလည်း ဘောလုံးဖြစ်။ ၀မ်းသွားဖို
့နေနေသာသာ လေတောင်မလည်ဘူးဆိုတယ်။ ကျော်ဆန်းကိုစိတ်ထဲကနေဆဲနေရတယ်။
အားလုံးကတော့ ဆေးမြီးတို ဆရာ ကျော်ဆန်းကို မအေ နှမ နဲ့ ကိုင်ပြီး
ဝိုင်းဆဲကြသတဲ့။ သူတို့ လည်း မကြံတတ်အောင်ဖြစ်နေကြတယ်။ မောင်အေးက
ဆက်တီပေါ်မှာ အရိုးမရှိတဲ့သတ္တ၀ါလို ခြေပြစ်လက်ပစ်လှဲနေတယ်။ အောင်သောင်းက
ကုလားထိုင်မှာအရုပ်ကျိုးပြတ် ခေါင်းကိုမော့ပြီးထိုင်နေတယ်။ မောင်သောင်း
က ကြမ်းပြင်ပေါ်ကဘောလုံးကြီးသန်းရွှေဘေးမှာ ပက်လက်ကြီးလှန်နေတယ်။

ဒီအချိန်မှာ သန်းရွှေမြေး ဘောရူး မျောက်မူးလဲက ကျောင်းကပြန်လာပြီး
အခန်းအလယ်မှာ တွေ့ တဲ့ သန်းရွှေကို ဘောလုံးကြီးထင်ပြီး ခြေနဲ့ တော့နေသတဲ့။

အောင်သောင်းက -

” ကိုယ်တော်လေးသတိထားပါ။ ဒါဟာ ဘောလုံးမဟုတ်ဘူး ”
” ကိုယ်တော်လေး ဘိုးအေကြီးပါ”

လို့ ဝင်တားပေမဲ့ ဘောရူးကမယုံပဲ သူတို့ ကိုအခန်းထဲမှာလည်
့ပတ်ခေါက်နေသေးသတဲ့။ ပါးစပ်ကလည်း ” မန်ယူ သယ်လာပြီ မန်ယူသယ်လာပြီ ”

ဆိုပြီ ဘောကိုတော့က မောင်အေးပေါင်ကြားက
အားပါးတရ ကန်သွင်းလိုက်တယ်။ ဂိုး တယ်ဟေ့ လို့ အော်ပြီး ထွက်သွားတော့သတဲ့။
ပေါတာကြီးခမြာမတော့ မြေးတော် မျောက်မူးလဲကောင်းမှု ကြောင့် ဘောလုံး ဘ၀နဲ့ 
လှိမ့် အောင် အကန် ခံလိုက်ရတယ်။

ညဏ်ဝင်း ပရိုပိုဆယ်လ်

အားလုံးအကြံကုန်ပြီး တုံးလုံးပက်ခေါက် လန် နေချိန်မှာ ညဏ်ဝင်းက

” တပ်ရှုပ်ကြီး ချာမပီးနိင်တဲ့ကိစ္စက အပေါ်ယံကြည့် မယ်ဆိုရင် ကျမာရေး
ကိစ္စလို့ ထင်ရပေမဲ့  တကယ်တော့ နိင်ငံခြားရေး ဌာနနဲ့ သက်ဆိုင်ပါတယ်”
ဆွေးနွေးလာတယ်။

ဥာဏ်ဝင်း က အလွန်ပူလှတဲ့ ကြပ်ပြေးနေပြည်တော် မှာ အနောက်တိုင်းဝတ်စုံ ကို
သရီးပိစ် ၀တ်ထားတယ်။ ခေါင်းက သူစီးထားတဲ့ရှုးဖိနပ်နဲ့ တရောင်ထည်း ။
ခေါင်းလိမ်းဆီအရွဲသားလိမ်းထားတယ်။ သူက လေးနက်တဲ့ အသွင်နဲ့  -

” တပ်ရှုပ်ကြီးတရုတ်နို့ မှုန့် ကိုသောက်မိတဲ့အတွက် တရုတ်အစိုးရမှာ
တာဝန်ရှိပါတယ်။ တရုတ်နိင်ငံက နည်းပညာအဆင့် အတန်း အတော်မြင့်လာတဲ့အတွက်
နည်းကောင်းရှိနိင်တယ်။
တရုတ်စိုးအရကို အကြောင်းကြားသင့်တယ်” လို့အကြံပေးသတဲ့။

ဒါနဲ့ သူ တို့  တရုတ်အစိုးရကို တယ်လီဖုန်းနဲ့  အကြောင်းကြားတော့
တရုတ်အစိုးရ လည်းမျက်လုံးပြုးမျက်ဆံပြူးဖြစ်သွားပြီး
တရုတ်တပ်မတော်ဒုစစ်ဦးစီးချုပ် ဦးစီးချုပ် -
ကိုနေပြည်တော်ကိုလွတ်လိုက်ပါတော့တယ်။

တရုတ်သံနဲ့  ပေါတာကြီးအချီအချဆွေးနွေးခန်း

တရုတ်အစိုးရ ကိုယ်စားလှယ်အဖြစ် နဲ့  တရုတ်ပြည်သူ့တပ်မတော် ဒုတိယ
ဦးစီးချုပ် ဇောင်လီ ကြပ်ပြေးနေပြည်တော်ကိုရောက်လာတယ်။

သန်းရွှေ – ” ပေါက်ဖေါ်ကြီး တရုတ်နဲ့ မြန်မာဆိုတာ ဆွေမျိုးပေါက်ဖေါ်တွေပါ။
ဟိုတုန်းကတည်း တရုတ်နဲ့ မြန်မာ ဟာ ယဉ်ကျေးမှုလည်းတူတယ်။
သမိုင်းအရလည်းတူတယ်။ ကိုလိုနီကျွန်ပြုခံရတာခြင်းလည်းတူ။
လွတ်မြောက်ရေးကြိုးပမ်းကြရတာခြင်းလည်းတူပါတယ်။ ”

ပေါက်ဖေါ်ကြီး- (အလွန်ချစ်ကြည်သောမျက်နာကြီးဖြင့် ) ” စီလုပ်နဲ့ 
မြန်တင့် အစူစူပဲ ” ( အတူတူပဲ )

သန်းရွှေ- ” ရှေးကတည်းက နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံမှုတွေရှိတယ်။
မြန်မာ့ပြည်က ပျူကချေသည်တွေ တရုတ်ပြည်ကိုစေလွတ်ခဲ့တဲ့သမိုင်းကနေ ကနေ့ အထိ
တရုတ်နဲ့ မြန်မာဟာ
ဆက်ဆံရေးကောင်းမွန်ခဲ့တာ ခုကျနော်တို့ နအဖခေတ်မှာ အကောင်းဆုံးပဲဆိုတာ
အဆွေတော်အသိပါ။ ” ပေါတာကြီး ကဗာရာဏီသီချီပြီး ရှင်းနေတယ်။

ပေါက်ဖေါ်ကြီး – ( အလွန်အားရ ရွှင်လန်းသောမျက်နာဖြင့်) ” စိလုပ်နဲ
့မြန်တင့် အစူစူပဲ ”

သန်းရွှေ- ” ဒါပေမဲ့  အဆွေတော်တို့ နိင်ငံက ထုတ်တဲ့ ကလေးနို့ မှုန့် ကို
ကျနော်သောက်မိရာက မယ်လမင်းဓါတု ဗေ ဒ အမှုန့် တွေကြောင့် ကျနော်
အီးမပါနိင်ဘူး။ ပုဂံလုပ်တဲ့မယ်လမင်း အမှုန့် တွေကြောင့် ကျနော့်ဗိုက်ထဲမှာ
ပုဂံပြားတွေဖြစ်ပြီး အီးမပါနိင်တာ ရက်ပေါင်း အတော်ကြာနေပြီ။ အဆွေတော်တို
့ဘာလုပ်ပေးနိင်ပါသလဲ
” လို့ မေးလိုက်တဲ့အခါမှာ ပေါက်ဖေါ် ကြီး စစ်ဦးစီချုပ်လည်း တရုတ်ကလာတဲ့
နို့ မှုန့် ကြောင့်ဆိုကတည်းက မျက်စိပျက်မျက်နှာပျက်သွားတော့တယ်။

ပေါက်ဖေါ်ကြီး – ” အစွေတော်- အီးမပါနိင်တာ ၀ကြားလို့ စိမကောင်းပါဘူး။
ဝကိုယ်တိုင် ကြည့်ပါရစေ ။ ”

သန်းရွှေ- ကြည့် ပါကြည့်  ဆို ပြီး ဖင်ဘူးထောင်း ထောင်ပြလိုက်တယ်။
ပေါက်ဖေါ်ကြီး – ” အီးမပါနိုင်တာ ဘိနယ်ရက်ရှိပြီလဲ ။ ”

သန်းရွှေ- ( မျက်နှာ မသာမယာဖြင့် ) ” ၉ ရက်ရှိပါပြီ ”

တရုတ်စစ်ဦးစီးချုပ်လည်း သန်းရွှေဖင်ဝကို ကြည့် လိုက်တော့
မိတ်အင်ချိုင်းနားဆိုတဲ့ စာတန်းကို မြင်ရတော့ မျက်စိမျက်နာပျက်သွားတယ်။
သူက ပုဂံ ဘယ်စနစ်ချပ်လည်းသေချာအောင် အသံထွက် ရေတွက်လိုက်သေးသတဲ့

” တီချုပ် – နီချုပ်- စုံး-ချပ် — အားလုံး ကိုးချပ် တိတိတောင်ပါလား။
လုတော်တော်သောက်လိုက်တာပဲ။”

သူက ဒေါ်ကြိုင်ကြိုင်ဖက်လှည့် ပြီး ” လုက ကီလေးကိုအလိုလိုက်တာပဲ။
နို့ ဖြတ်တော့လေကွာ ” ဒေါ်ကြိုင်ကြိုင်က ” ဒီကလေး နို့ သိပ်စွဲတာ တော့ ”
လို့ ညည်းလိုက်တယ်။

ပေါက်ဖေါ်ကြီးလည်း

မျက်မှန်ကိုတချက်ပင့်လိုက်ပြီး ” အစွေတော် ဒီကိစ္စဟာ လီးနက်တယ်။ နိနိင်ငံ
ဆက်ဆံရေးဖိနေတဲ့ အတွက် ၀ ကိုယ်တိုင်ဆုံးဖြတ်ချက်ချလို့ မရဘူး။
ဝ တို့ စစ်ကော်မရှင်ကို အကြောင်းကြားလိုက်ပါမယ်။ ၀ဓါတ်ပုံရိုက်ပြီး အီးမေးလ်နဲ့ 
ပို့ လိုက်ပါမယ် ။ ခဏစောင့်ပါ။ ”

သန်းရွှေ ( ရင်တထိတ်ထိတ်ဖြင့် ) ” ရပါတယ်ရပါတယ်။ ”
တရုတ်စစ်ဦးစီးချုပ်က သန်းရွှေဖင်ဝ ကို ဘေးဖက်တမျိုး၊ ရှေ့ တည့်တည့်ုကတနည်း။
အပေါ်စီးကတသွယ် ပါလာတဲ့ ကင်မရာနဲ့ တဖျတ်ဖျတ်ရိုက်တော့တယ်။
ပေါတာကြီးလည်း မော်ဒဲလ် တင်ဇာ ၀င့် လို မပေါ့်တပေါ် ပုံတွေ အတော်များများ အရိုက်ခံ
လိုက်ရတယ်။

ပေါက်ဖေါ်ကြီးလည်း ဓါတ်ပုံတွေရိုက်ပြီးတဲ့အခါမှာတော့ အတက်ခ်ျဖိုင်လ်လုပ်ပြီး
အီးမေးလ်ပို့ တော့တယ်။ ဒါပေမဲ့  မြန်မာပြည်က အီးမေးလ်ကို သန်းရွှေက
နှေးအောင်လုပ်ထားတဲ့အတွက် ဖိုင်လ်ကို ပို့ ရတာ အလွန်တရာနှေးကွေးနေတယ်။
အခက်ကြုံနေတယ်။

တရုတ်ကြီး- ” လု တို့ တိုင်းပြည်က အီမေးလ်က လူ့အီးလိုပဲနှေးတယ်လေကွာ။
လူ့ဖင်က ဓါတ်ပုံက ဖိုင်လ်ကြီးလယ်။ ဒီနှုန်းနဲ့ ပို့ နေရင်တော့
ဓါတ်ပုံတပုံ စုံးလ ( သုံးလ) ကြာမယ်။ ဒီနားမှာ အင်တာနက်ကဖေးမစွိ ဘူးလား။ ”

မောင်သောင်းကမန်းကတန်းဖြင့် ” အိုပေါက်ဖေါ်ကြီး ဒီဓါတ်ပုံကို
အင်တာနက်ကဖီးဆိုင်ကပို့ 
လို့ တော့မဖြစ်ဘူး။ အပြင်ကိုသတင်းပေါက်သွားရင်
နိင်ငံတော်လုံခြုံရေးကိုထိခိုက်မယ်။ ”

ပေါက်ဖေါ်ကြီး- ” လုပြောတာလည်းဟုတ်ဟုတ်ပဲ။ ”

သန်းရွှေလည်းအတော်ကိုဒေါပွနေသတဲ့။ အရင်လို ကာမှအနှေးဖြစ်။
မောင်သောင်းကိုကြိမ်းတော့တယ်။ ဟေ့ကောင်မောင်သောင်း မင်း သိပ္ပံနဲ
့နည်းပညာဝန်ကြီး ဆိုကွ မင်းဂျီးတော လင် အီးမေးလ်က နှေးလှခြည်လား။
ဒီအခါမှာ မောင်သောင်းက

တပ်ရှုပ်ကြီးဖရား ပီကင်းဆိုတဲ့အရပ်နဲ့ ဖရာ့တပည့် တော်တို့ ကြပ်ပြေးနေပြည်တော်ဆိုတာ
မိုင်ပေါင်း ထောင်နဲ့ ချီဝေးပါတယ် ဖရား ။ ခြေကျင်သွားရင် တလကျော်ကြာပါတယ် ဖရာ့ ။
ဂုံးတက်တွေများနေလို့ ကြာနေတာပါ ဖရာ့ လို့ လှိမ့်သတဲ့။

မောင်သောင်းက ပေါက်ဖေါ်ကြီး” ဒီကပဲပို့ ပါ။ နှေးလည်း ကိစ္စမရှိဘူး
ကျနော်တို့ ဘာမှထူးထူးထွေထွေလုပ်စရာမရှိတာပဲ။ ”

ပေါက်ဖေါ်ကြီး- ” လုတို့ ကအလုပ်မရှိပေမဲ့ ဝ မှာကအီလုပ်တွေအများကြီး စိလည်။
ဝကနေ့ဖက်မှာ စစ်ဦးစီးချုပ်လည်းလုပ်တယ်။ ညနေမှာ ပေါက်စီရောင်းတယ်။
ညတခေါင်မှာ ဘဲကင်တယ်။ အာရုံတက်လောက်မှာတော့
ဝ သီတင်းစာ ပို့တယ် ။ ၀ မအားဘူး။ ”

မောင်အေး ” ပေါက်ဖေါ်ကြီးတယ်အလုပ်လုပ်ပါလား။
အိမ်သာတက်ချိန်လေးပဲအားတယ်ပေါ့ ။ ”

ပေါက်ဖေါ်ကြီး ( မောင်အေး ကိုစိတ်တိုစွာဖြင့်) – ” မအားဘူး။
အိမ်သာတက်ရင်တောင် ၊ အလုပ် ၃ ခုလုပ်တယ်။ ”

မောင်အေး- အံသြစွာဖြင့် ” ဟုတ်လား ဘာတွေတုံး။ ”

ပေါက်ဖေါ်ကြီး ” ခေါက်ဆွဲစားတယ်၊ သတင်းစာဖတ်တယ်။
တမှေးမှေးတယ်။ ”

သန်းရွှေ၊ ရွှေမန်း၊အောင်သောင်း -တယောက်မျက်နှာတယောက်ကြည့် ကာ
” ဒါကြောင့်တရုတ်ပြည်တိုးတက်တာကိုး” လို့ ပြောလိုက်ကြတယ်။

တရုပ်သမတ ဟူကျင်းတောင်မှာ ပေါတာကြီးသို့ ဖြေရှင်းချက်။
( လ၀-တစ် )

့အီးမေးလ်ပို့ တာ ၃ ရက်ကြာသွားတယ်။တရုတ်ပြည်က ဓါတ်ပုံကို
စုံစမ်းထောက်လှမ်းပြီးတဲ့အခါမှာတော့ ဖြေရှင်းချက်ကိုပြန် ပို
့ပေးလိုက်တယ်။

ဖြေရှင်းချက်ကတာ့ တရုတ်ပြည် က နို့ မှုန့် ကြောင့်
မြန်မာနိင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အီးတစ်သွားရခြင်းကို
ကြားရတဲ့အတွက် တရုတ်ပြည်သူ့ အစိုးရနဲ့ တရုတ်ပြည်သူတွေက အထူးစိတ်မကောင်း
မိပါကြောင်း။သို့ ပါသော်လည်း ကျွန်ပ်တို့  သိပ္ပံပညာရှင်များ အစီရင်ခံစာအရ
မယ်လမင်း ဓါတုအမှုန့် ကြောင့်
အများဆုံး ပုဂံဖြစ်နိုင်ချေမှာ တ ချပ်သာ ဖြစ်ကြောင်း။

၉ ချပ် အထိတောင် ဖြစ်သွားရခြင်းမှာ အဆွေတော်တို့ ဗမာ့တပ်မတော်က
ဘာလုပ်လုပ် ၉ ဂဏန်းကို ရေလဲသုံးလာခဲ့ ခြင်းကြောင့်ဖြစ်ကြောင်း။ မိမိတို
့နို့ မှုန့် ကြောင့် ဖြစ်တဲ့ ဖြစ်သွားတဲ့ ပုဂံ တချပ်ဖိုး လျော်ကြေးငွေ
အမေရိကန်ဒေါ်လာ – ၉၉ စင့် (99Cent) (စာသားဖြင့်- ကိုးဆယ့်ကိုးဆင့်) ကို
ပေးအပ်ပါမည်ဟု ကတိပြုပါကြာင်း။

ကိုးဆယ့်ကိုးဆင့် ဆိုသည်မှာ ဈေးမှန်ဖြစ်ကြောင်း။ အမေရိကန်ဈေးကွက်ရှိ
တရုတ်ပုဂံတချပ်ပေါက်ဈေး ဖြစ်ပြီး မြန်မာပြည်ကိုလည်း ဖေါက်သည်ဈေး
အတိုင်းပေးလိုက်ပါကြောင်း။ အဆွေတို့  မြန်မာ့ တပ်မတော့်  ရဲ့  ၉ ဂဏန်း
နစ်သက်မှု အား တရုတ်ပြည်သူ့ သမတ နိင်ငံ က ဂုဏ်ပြု ရာ လည်း ရောက်ကြောင်း။

တရုတ်မြန်မာချစ်ကြည်ရေးအဓွန့် ရှည်ပါစေ-

ပုံ

ဟူကျင်းတောင်
သမ္မတ
တရုတ်ပြည်သူ့ သမ္မတနိင်ငံ

လို့ အကြောင်းပြန်ကြားလိုက်လေတော့သတည်း။


——————————
——————————-
သကြားမင်းကြီး

ကကကကက

ချစ်စွာသော အရေးသုံးနဲ့ သဘောထား

October 24th, 2008 by admin

http://htoomyat.blogspot.com/ မှ ကူးယူသည်(ခွင့်မတောင်းပဲ ကူးယူတာ ခွင့်ပြုခြင်း သီးခံပါ) ကိုမျိုး D

ဒို့တာဝန် အရေးသုံးပါး

  • တရုတ်ပြည်သူ့ သမ္မတ မြန်မာ နိုင်ငံတော် မပြိုကွဲရေး… ဒို့အရေး
  • တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး… ဒို့အရေး
  • ဗိုလ်ချုပ်မှုးကြီး အာဏာ တည်တံ့ခိုင်မြဲရေး… ဒို့အရေး
  • ပြည်သူ့သဘောထား

  • တရုတ်အားကိုး ပုဆိန်ရိုး အဆိုးမြင် ၀ါဒီများအား ဆန့်ကျင်ကြ
  • နိုင်ငံတော် တည်ငြိမ် မအေးချမ်းမှန်း သိသာစေရန် မေ့လောက်ရှိ ကိုယ့်ဟာကိုယ် ဗုံးထထ ဖောက်သူများအား ဆန့်ကျင်ကြ
  • နိုင်ငံတော်၏ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်သော (အနောက်) နိုင်ငံများအား ဆန့်ကျင်ကြ
  • နိုင်ငံရေး ဦးတည်ချက် (၄) ရပ်

  • နိုင်ငံတော် တည်ငြိမ်ရေး၊ ဧည့်စရင်း မှန်မှန်တိုင်ရေးနှင့် တရား ဥပဒေ စိုးမိုးရေး
  • အမျိုးသား ပြန်လည် ငြိမ်ကုပ် ပိပြားရေး
  • နှစ်၅၀ အချိန်ယူ ရေးဆွဲသင့်သော ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ဖြစ်ပေါ်လာရေး
  • ဖြစ်ပေါ်လာမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်နှင့် အညီ ခေတ်မီ ဖွံ့ထွား တုတ်ခိုင်သော နိုင်ငံတော် သစ်တစ်ရပ် တည်ဆောက်ရေး
  • စီးပွားရေး ဦးတည်ချက် (၄) ရပ်

  • ရှိတာအကုန် ရောင်းစားရေးကို အခြေခံ၍ တပ်မတော်ကို ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး
  • (ညဖက်မှ အလုပ်ဖြစ်သည့်) ဇီးကွက် စီးပွားရေးစံနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေး
  • ပြည်တွင်း အာရှမှ အတတ်ပညာနှင့် အရင်းအနှီးများ ဖိတ်ခေါ်၍ ကုန်ဈေးနှုန်း ပြန်မကျ ထိုးတက်အောင် တည်ဆောက်ရေး
  • နိုင်ငံတော် စီးပွားရေး တစ်ရပ်လုံးကို ဖန်တီးနိုင်မှု စွမ်းအားသည် တပ်မတော်နှင့် စက်မှု လယ်ယာ ၀န်ကြီးဌာနတို့၏ လက်ဝယ်တွင် ရှိရေး
  • လူမှုရေး ဦးတည်ချက် (၄) ရပ်

  • တစ်မျိုးသားလုံး၏ စိတ်ဓါတ်နှင့် အကျင့်စာရိတ္တ မြင့်မားရေး
  • အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေး အတွက် နယ်ချဲ့ တော်လှန်ရေး ဗီဒီယို များများရိုက်၍ ယဉ်ကျေးမှု အမွေအနှစ်များ နောင် မပျောက်ပျက်ရန် အခုကတည်းက ထုံးသုတ်ပစ်ရေး
  • မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရန် လူငယ်တိုင်း တပ်မတော်သို့ ၀င်ရေး
  • တစ်မျိုးသားလုံး ပြည်တွင်းဖြစ်ကို အားပေးရင်း ကျန်းမာ ကြံ့ခိုင်ရေးနှင့် နိုင်ငံခြား ထွက်နိုင်သူများ ပညာရည် မြင့်မားရေး
  • Hello world!

    Welcome to WordPress.com. This is your first post. Edit or delete it and start blogging!

    Follow

    Get every new post delivered to your Inbox.